မွေးနေ့
မွေးနေ့
တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်
အမေတစ်ယောက်ရဲ့ စစ်ပွဲ ရှင်သေမင်းနဲ့အပြိုင်နွှဲခဲ့ရ
ဒီလိုနဲ့ ကျွန်တော်ကံကောင်းခဲ့တာ အနှစ်သုံးဆယ်ကျော်ခဲ့ရပေါ့
ပြန်ပြောင်းတွေးစရာမလိုအောင် အမေကောင်းခဲ့တာတွေက
ကနေ့ ….
ကျွန်တော်ခံစားနေတဲ့အသီးအပွင့်များစွာရယ်ပေါ့
ဒါပေမယ့် …..
အမေတောင်းတဲ့ကတိ သားမဖြည့်နိုင်သေးဘူးလေ ။
မွေးနေ့
ကျွန်တော်တွေးကြည့်လိုက်တော့
လက်တွေ့ဘ၀စာမေးပွဲတွေထဲ
အမှတ်ပြည့်ကျွန်တော်မဖြေနိုင်သေးဘူးအမေ
အမေ မျှော်လင့်နေတဲ့သားက
မှော်ဝင်ကကြိုးတွေနဲ့ တော်မ၀င်ကဗျာတောမှာ
လမ်းပျောက်နေခဲ့ရ ခွင့်လွှတ်ပါအမေရယ်
စွန့်လွှတ်ဖို့ခက်ခဲနေတဲ့ ဒီကဗျာဝိဥာဉ်တွေဆိုတာ
အမေဆိုချော့ခဲ့တဲ့ ကဗျာတေးတွေရဲ့ သက်သေပါပဲ
ကျွန်တော့်ရင်ငြိသွားပြီအမေရေ ။ ။
တင်မျိုးနိုင်
07 / FEB / 2013 နေ့ မှာကျရောက်မဲ့ကျွန်တော့်ရဲ့ မွေးနေ့အမှတ်တရ ရေးထားတဲ့ ကဗျာလေးပါ ..
Comment #3
sate ei chann tar chin kou ei kyan mar chin hnit pyay sone par say.
sate twar tine kou par loh lo in san da pyay wa par say.
a sa sa a yar yar a sin pyay chaw hmway par say.
a loak a kine a sin chaw p d yae a larr toe thet par say.
Comment #4
happy birthday par bro
we r same 😛
i lal Feb mhar mway tar pal FEB 9 😀
Comment #5
ဖေဖော်ဝါရီညီအကိုနှစ်ယောက်လုံးကို Happy Birthday ပါနော်
ပျော်ရွှင်ကြပါစေ
Comment #6
dar so loafer le poem 1 poke yaee pay par 9.2.2013 a twat
Comment #1
happy birthday.
wish u all the best of luck.