ငါး
ရှင်တို့ကျွန်မကို အဲလိုကြီးစိုက်ကြည့်မနေနဲ့လေ ။
ကျွန်မထိုင်ရင် ထိုင်ပြန်ပြီ .။ ကျွန်မထရင် ထပြန်ပြီနဲ့
ရှင်တို့ကျွန်မကို အဲလိုကြီးမျက်စိဒေါက်ထောက်ကြည့်နေတော့
ကျွန်မအသက်ရှုရခက်တာပေါ့
ဘာလဲ ကျွန်မအသက်ရှုပုံရှုနည်းကိုပါ စိတ်ဝင်စားနေတာလား . . .
ရှင် ကျွန်မကို အဲလိုကြီး စိုက်စိုက်မကြည့်ပါနဲ့ဆို ။
ကျွန်မက ခလုတ်တစ်ခု ။ ရှင့်ကိုလမ်းတစ်ခု ခင်းပေးထားခဲ့တယ် ။
ရှင်လည်းသာမန်ယောက်ျားတစ်ယောက်ရဲ့အတွေးထက်မပိုပါလား ။
ဒီလမ်းကိုဒီလိုခင်းပေးရင် လမ်းရိုးလေး အတိုင်းတလိမ့်လိမ့်နဲ့ဝင်လာတော့တာပဲ ။
ကဲ ဘယ်လိုလုပ်မလဲ အဲဒီလမ်းထဲမှာ ခု ရှင်တစ်ယောက်တည်း ။
ကျွန်မသိပ်ရယ်ချင်တာပဲ ။ ကျွန်မသိပ်ရယ်ချင်တာပဲ။ ကျွန်မသိပ်ရယ်ချင်တာပဲ ။
ရှင်ဘာဆက်လုပ်မလဲလို့ စောင့်နားထောင်နေတော့ ရှင်မလှုပ်ရဲတော့ဘူး ။
ရှင်တို့ကျွန်မကို အဲလိုကြီးမျက်စိဒေါက်ထောက်ကြည့်နေတော့ ဘယ်ကောင်းမလဲ ။
ကျွန်မ ရှင့်ကိုပြောခဲ့ဖူးပါတယ် . . ။ ကမ္ဘာကြီးလည်နေတယ်ဆိုတာ ရှင် နဲ့ ကျွန်မ ကွဲဖို့ပါလို့ . .
ကျွန်မပြောခဲ့တုန်းက ရှင်မယုံခဲ့ဘူးမဟုတ်လား ။
အခုတော့ ရှင် အညာမိနေပြီ . . ကျွန်မရဲ့ ရိုးသားဖြူစင်တက်ခြင်းမှာ . .
ကျွန်မရဲ့ ခွင့်လွှတ်တက်ခြင်းမှာ ရှင်အကြီးအကျယ် ငြိစွန်းနေပြီ ။
ရှင်တို့ကျွန်မကို အဲဒီလိုကြီး စိုက်ကြည့်မနေနဲ့လေ ။
ကျွန်မတို့ အသက်ရှုပုံခြင်းမှ မတူတာ . . သွားတဲ့လမ်းလည်းမတူဘူးပေါ့ . . ။
ရှင် ကျွန်မကို အဲလိုစိုက်ကြည့်နေတော့ ကျွန်မရယ်ချင်တာပေါ့ ။
ကျွန်မရဲ့သိမ်ငယ်တက်မှုဆိုတာကို ရှင် ယုံပြီမဟုတ်လား ။
ကျွန်မရဲ့ရှုံးနိမ့်တက်မှုကို ရှင်လိုချင်တာမဟုတ်လား ။
ကျွန်မအခုအရာရာမှာရှုံးနိမ့်သွားပြီ . . ရှင်ပျော်/ရယ်ပါ ။
ကျွန်မရဲ့နာကျင်မှုတွေကို ရှင်တို့သိပ်လိုချင်နေတယ်ဆိုရင်
အခုကျွန်မနာကျင်မှုတွေထုပ်ပိုးပြီး လက်ဆောင်အဖြစ်ပို့ပေးလိုက်မယ် ။
ရှင် ကျွန်မကိုအဲလိုစိုက်ကြည့်မနေနဲ့လေ ။
ကျွန်မက မိန်းမတစ်ယောက်ပဲ . .
ကျွန်မရဲ့ ဖြစ်တည်မှုဟာ မိန်းမဆိုတာ ရှင်တို့မေ့လျော့ကုန်ပြီနဲ့တူတယ် ။
ရှင် ကျွန်မကို မျက်လုံးတွေထဲ မီးတောက်ထည့်ပြီး စိုက်စိုက်ကြည့်တော့ ကျွန်မပူလောင်တာပေါ့ ။
ရှင် ကျွန်မကို အဲဒီလိုကြီး စိုက်စိုက်ကြည့်မနေပါနဲ့ ။
ရှင် ကျွန်မကို အဲဒီလိုကြီး စိုက်စိုက်ကြည့်မနေပါနဲ့ ။
ရှင် ကျွန်မကို အဲဒီလိုကြီး စိုက်စိုက်ကြည့်မနေပါနဲ့ ။
မိငြိဏ်းခက်
Comment #2
pyan kyi pyit like pop loh.
he.he.
ei ka dot ma kyi bu so lone wa ma kyi bu.
kyi me loh sone phyat p yin dot sike kyi pyit like dar be. 😛
(tay char ma myin ya loh)
kwi.kwi
Comment #4
တကယ်ကို ကောင်းပါတယ်အစ်မ
လက်လည်း ငြိမ်လာတယ်
ထိန်းလည်း ထိန်းနိုင်တယ်။
လေးစားစွာဖြင့် . . .
ကိုသျှား
Comment #1
ကျွန်တော်စိုက်မကြည့်ဘူးနော်
ခံစားပြီးတော့ပဲ ဖတ်သွားတယ်ဗျာ… 🙂