တေလေလေးရဲ့ အိမ်ပြန်လမ်း (မိုးထက်အောင်)
တေလေလေးရဲ့ အိမ်ပြန်လမ်း
ရွှေ့ ပြောင်းတောင်ယာစနစ်နဲ့  သူမရဲ့စိုက်ခင်းလေးလည်း ဝေဆာနေလောက်ရောပေါ့
တဖွဲဖွဲကျတဲ့မိုးမှုန်စက်တွေအောက်မှာ ကျွန်တော့်သစ်ရွက်လေးတွေ ခြောက်သွေ့ တယ်…..။
နေညိုချိန်ဇာတ်လမ်းမှာ အိမ်ပြန်ရတော့မယ့်သူပါ
ခေါင်းငုံ့ ထားပါတယ်……ဆက်ပြီးတော့ဒူးမထောက်ခိုင်းပါနဲ့  မကဗျာ………။
ခင်ဗျားဖွက်ထားတဲ့နှင်းဆီခင်းလေးကို ကျွန်တော်ယူမသွားတော့ပါဘူး
တစ်ခါတုန်းကကျွန်တော့်ရင်ဘတ်အဟောင်းလေးကိုပဲ သယ်ဆောင်သွားခွင့်ပြုပါ…….။
မိုးထက်အောင်
Comment #2
ကောင်းတယ်ဗျာ….အိမ်ပြန်လမ်းလေးလှတယ်။
Comment #4
နေညိုချိန်ဇာတ်လမ်းမှာ အိမ်ပြန်ရတော့မယ့်သူပါ
ခေါင်းငုံ့ ထားပါတယ်……ဆက်ပြီးတော့ဒူးမထောက်ခိုင်းပါနဲ့  မကဗျာ………။
ဒီလို အိမ်ပြန်လမ်းလေးမျိုး ….ဝေးပါရစေ
Comment #5
:'( :'( :'(
Comment #6
ကဗျာထဲကဖွဲ့ဆိုချက်အတိုင်း
အိမ်ပြန်ခဲ့ရတယ်…..နာကျင်ရပါတယ်ဆိုတာထက် အတိုင်းအဆများစွာ…. :'( :'( :'(
Comment #1
arr pay khan sarr twar par de shint