၁၁ နာရီခွဲက နီးလာလိုက် ဝေးသွားလိုက်…
၁၁ နာရီခွဲက နီးလာလိုက် ဝေးသွားလိုက်…
ပေါက်ကွဲမှု့ထဲက ရှင်ကျန်သူအဖြစ် လူပြောသူပြောများနေပေမယ့်
ခင်းဗျားရဲ့သွက်ချာပါဒလိုက်လာမှု့တွေကျုပ်သိနေတယ်
မအိပ်ပဲအိပ်ပျော်နေတဲ့ညတွေကိုစိတ်ကုန်လာပြီဆို
မီးရောင် လိုအပ်/ရှာဖွေနေပေမယ့် မီးရောင်တွေ့ရတိုင်း ဝေဝါး/မျက်ရည်ကျရတဲ့မျက်လုံးလို
အစိမ်းရောင်စာတစ်ကြောင်းပေါ်လာဖို့ ဒါမှမဟုတ်
သူ့ဝုန်းဒိုင်းကြဲမှု့တွေထိုင်ကြည့်ဖို့
ဘာမှမရှိတာတွေနဲ့ လုံလောက်နေလည်း
အသံတွေကြောင့် အသံတွေနဲ့ နားကိုပြဿနာမရှာပါနဲ့…
အထီးကျန်သူတွေရဲ့ အပြုအမူ အသံတစ်သံကြားနေရတယ် ခပ်ဝေးဝေးက
သူ့ဆီပြေးသွားလိုက်ရင် ပျောက်သွားပြီး ကျောခိုင်းလိုက်ရင်ပြန်ဟာသွားစေတယ်
သူပျော်ဖို့ပဲခင်ဗျားဖြစ်နေတာဆို
သိပ်လှတဲ့ စကားတွေပြော သတ်သမျှကိုခံလို့
တစ်ယောက်ယောက်တော့ရှိမှာပါလို့တွေးမိချိန် ခင်ဗျားရှိနေဖို့
ဆန္ဒရှိတဲ့အချိန် အချိန်ထိ အသေကောင်လိုနေဖို့
တလွဲတော့ ထပ်မတွေးပါနဲ့ ကျုပ်ခင်ဗျားကိုပြောနေ/မိသမျှက
ကျုပ် ခင်ဗျားကို ပြောမိ/နေတာမဟုတ်ပါဘူး…
မြေနံ့
၁.၁.၂၀၁၃
Comment #1
တလွဲတော့ ထပ်မတွေးပါနဲ့ ကျုပ်ခင်ဗျားကိုပြောနေ/မိသမျှက
ကျုပ် ခင်ဗျားကို ပြောမိ/နေတာမဟုတ်ပါဘူး…