အရင်လိုပြန်လာခွင့်ရှိရင်တောင် (မင်းကိုနိုင်)
ကံ့ကော်တွေ
တကားလုံးဝေအောင်ဆွဲပြလဲ
ငါ့ပန်းချီထဲ
တစ်ပွင့်မှဝေဖော်မရ
နေစိမ့်ကြတယ်။
စွေ့ကနဲခုန်ချ သစ်သီးကောက်
ဖြုတ်ခနဲ ပြန်တက် ရှဥ့်မြီးကောက်လေး
ငေးလို့တောင် မ၀သေး
ဝေးခဲ့ရတယ်။
အပင်ပေါ်ပြန်လာခွင့်ရှိတယ်ဆိုရင်တောင်
အရင်လို ပြန်ဝေခွင့်မရှိတဲ့ဟန်ပါလား..
သွေးဆာနေတဲ့ အစွယ်ကိုမှ
သက်သက်လွတ်တရား
ပြမိလျက်သား..
ထားပါတော့ မိတ်ဆွေရေ
စီးနေဆဲမြစ်အတွက်
ကျောင်းတက်ချိန်ဆိုတာ
နေညိုညို ရေချိုးဆိပ်လို့ပဲထားလိုက်ပါ..
ထုံးပေါက်နေတဲ့လျှာအတွက်
“ဘ၀ဆိုတာ” လို့စကားစရမှာ
လေးလံလှပါတယ်ဟာ… ။ ။
မင်းကိုနိုင်
၁၇.၁၀.၂၀၁၂
Comment #2
လေးစားလျက်ပါ
By: နွေ at Feb 9, 2013
Comment #4
ကျေးဇူးတင်ပါတယ်ခင်မျာ ဆရာ့ကဗျာလေးတွေ ဖတ်ခွင့်ရလို့
By: mgchan at May 24, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်လိုက်တာဗျာ…. ကဗျာလေး
…………..တော်လိုက်ကြတဲ့ ဆရာတွေနော် …………..