သေမင်း ချည်တိုင်
ဘယ်နေရာအစ ဘယ်နားမှာ အလယ် ဘယ်လို အဆုံးသတ်မလည်း? ထိန်းချုပ်လို့ မရသေးခင်
စကားလုံးတိုင်းဟာ နာကျဉ်းဝမ်းနည်းစွာနဲ့ လည်မြိုထဲက ပြင်ပသို့  အလုအယက် ဖောက်ထွက်
ပြောသင့် မပြောသင့် ပြောရက် မပြောရက် ပြောမယ် မပြောဘူး ဒွိဟဖြစ်နေဆဲမှာ လေထုနဲ့ မိတ်ဖွဲ့
မြည်သံထွက်လာတဲ့ ရလာဒ်ဟာ ကစဥ့်ကလျား /မကြားတကြား /မသဲမကွဲ
ဘာသာတွေလွဲနေအောင်လည်း နှုတ်ခမ်းဖျားကို ဦးနှောက်နဲ့ ပြုစား
နောက်တကြိမ် နောက်ထပ် နောင် အခါ ဆိုတာတွေ မရှိအောင် လိမ်ညာခြင်းတွေမှာ နောကြေနေစေဖို့ 
ကလိမ်ကကျစ် ဉာဏ်တွေ စုစည်း ကလီကမာ အကြံတွေ ထုတ် လေ့ကျင့်ခန်းတွေအဆက်မပြတ်လုပ်ရင်း
လိမ်စရာ မရှိရင် ကိုယ့်နှုတ်ခမ်း ကိုယ် ပြန်လိမ်ထားတတ်တဲ့ကောင်
ခြေရာမထင်တဲ့ လမ်းတွေမလျှောက်တော့ဘူး . ဆုံးဖြတ်ထားရင်းကိုပဲ ကိုယ်ယောင်ပြ အရိပ်လေး မြင်လိုက်ယုံနဲ့
လေးဘက်ထောက် တွားသွားနေဆဲ တွားသွားနေမြဲ
နွားလို့ မြင်တဲ့ သူ့ ကြောင့်ပဲ ကိုယ့်မှာ ဘို့ ထွက်ကောင်းသယောင် ဟန်ဆောင်ပြ
နဖားကြိုးလေးရဖို့ အတွက်တဲ့ ခြေထောက်နှစ်ဖက်နဲ့ နောက်လှည့်ကွေ့ဖို့ မေ့လျော့သွားခဲ့တယ်
ရိုးးးးနေပြီ ကိုယ့်ဆရာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး /
ဒါနဲ့ ဒီတခေါက် ခင်ဗျား ကို ကျုပ် မယုံတော့ဘူး /
ဝဋ်လည်ပြီမဟုတ်လား ကိုယ့်အလှည့်ကြ နာတတ်လှချည့် ရဲ့ ကိုယ့်အသားကြ လောင်တတ်လှချည့်ရဲ့ /
( ဓားပြရင်း အလံဖြုတရမ်းရမ်း ချွေးသိပ်ဖို့ စောင့်ကြိုနေချင်သေးတဲ့လက်ကို ရိုက်ချိုးပြီး)
အခွင့်ကျလာတဲ့
သွေးစိမ်းနာ ဒဏ်ရာရှင် အတွက် ဆေးတခွက်အဖြစ် အကြမ်းတမ်းဆုံး တုံ့ပြန်ရင်ဆိုင်ဖို့  မျက်ဝန်းကို အရည်ဖျော့
မျက်ဆံ ကို အဝေးသို့  ပို့ ပစ်လိုက်ပြီး လေစိမ်းတွေချည်းရွေးတိုက်ဖို့  အဆင်သင့်ပြင်ဆင်ထားခဲ့တယ်
အောင်နိုင်ခြင်းဆိုတာ တဖက်စောင်းနင်း မဟုတ်ဘူးဟေ့ ကိုယ့်နားထင်ထဲ ကိုယ်ကြုံးအော်
ကိုယ့်ကိုယ်ကိုယ် ဓားတစ်လက်အဖြစ် အသွားထက်အောင် အတက်ကြွဆုံးသွေး ရင်း
ရော့ ကိုယ်ချင်းစာကြည့်စမ်း ဆိုပြီး ပြေးအထိုး အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်
စလိုးမိုးရှင်းက ကိုယ့်အခန်းမှာ အလိုလိုပြတ်တောက် နောက်ဆုံးမှာ ဘာဖြစ်သွားမလဲ???
သည်းထိတ်
စိုးရိမ်စိတ်က နင့်ခနဲ ကြွေလာ
ကိုယ့်ရင်ဘတ်ကိုယ် ပြန် ငုံ့အကြည့်
ကိုယ့် သွေး နဲ့ ကိုယ် ရေပြန်ချိုးနေရတဲ့ နှလုံးသား ကို အတွေ့မှာ
စွံ့ အ ကြေ ကွဲ မယုံကြည် ခံပြင်းရခြင်း များစွာ ကြား ဘယ်ဟာ မှားသွားသလည်း ပြန်တွေး မရ သေး ခင်
ဇာတ်သိမ်း အမှား ထဲ အသိစိတ်ဟာ လွှင့် လွှင့် သွား ခဲ့
ဒီ ဘ ၀ မှာြ ပ န် လ ည် စု စ ည်း အားြ ဖ ည့်  ဖို့  မြ ဖ စ် နို င်ေ တာ့  ဘူး မြ ဖ စ် နို င် ခဲ့  ဘူး
ငါ မ ရှိ တော့ ဘူး
Comment #2
မကြောက်ပါနဲ့  လို့  အနော်ပြောပါရစေ
😀
ကျွန်တော့်သေမင်းချည်တိုင်လေးကို
ဖတ်ရှုခံစားပေးသွားတဲ့အတွက် များကြီး
များကြီးကျေးဇူးတင်ပါ၏
Comment #3
အစ်မတော်မိုး ရေးချက်လေးပြောင်းထားတယ်နော်
ကျွန်တော် ကဗျာဆိုဒ်ကိုရောက်ရောက်ချင်းဘဲ အစ်မတော်မိုးကဗျာလေးကိုဖတ်မိပါတယ် ကဗျာတွေမဖတ်ရတာကြာပြီ ~~
With respect,
RAY
Comment #4
ခြေရာမထင်တဲ့ လမ်းတွေမလျှောက်တော့ဘူး . ဆုံးဖြတ်ထားရင်းကိုပဲ ကိုယ်ယောင်ပြ အရိပ်လေး မြင်လိုက်ယုံနဲ့
လေးဘက်ထောက် တွားသွားနေဆဲ တွားသွားနေမြဲ
ခံစားအားပေးသွားပါသည်။
Comment #5
တကယ်တော်ပါပေတယ်ဗျာ…….
Comment #1
ဘာမှကို မပြောနိုင်တော့ဘူးဗျာ… ကဗျာဆရာတစ်ယောက်ရဲ့ လက်ရာကို အသေကောင်လိုသာ ငေးနေခဲ့ရတယ်..
စကားလုံးအသုံးအနှုံးတွေ….နဲ့ သတ်တဲ့စာ …. ကြောက်ရွံ့စွာ …………..။။