ဤ..ကဗျာသည်… အနူးညံ့ဆုံး… ကဗျာ….ဖြစ်ပါစေ
(နိဒါန်း)
ထိုညတွင်
အဖြူရောင်ကိုဆင်၍
သခင် သည် လှနေပါလိမ့်မည်..။
(၁)
ကြယ်ကလေးများထံ အသံပေး
လမင်းကိုငေး..ကာ တေးတစ်ပုဒ်သီကုံး..
အမုန်းကွယ်သော ည မို့လှသည်.။
(၂)
ပန်းပင်ကြီးအောက်..
ပန်းကြွေကောက်..ရင်း
တိုးတိတ်ရင်ခုန်…နေတတ်ပြီ..။
(၃)
ချစ်သူသည် ကမ္ဘာတစ်ခု
ပြုစုသူ ကျွန်တော်..
ချစ်ခြင်းတို့ အဓွန့်ရှည်ပါစေသော်…၀်..။
(၄)
မျှော်ကြည့်တိုင်းဝေး..
ကြယ်စင်တေးတို့ ကခုန်ပျော်ပါး..
ချစ်သူ၏ ပြတင်းတံခါးကလေးကို လွမ်းသည်..။
(၅)
နေရောင်ခြည်တို့ပင်
သူမမျက်ဝန်းရိပ်မှာ..
နှုတ်ဆိတ် ရှက်ရွံ့ခဲ့ကြ….။
(၆)
ချစ်သူဆိုသည်မှာ
တိတ်တဆိတ် ပွင့်..
ရင်နင့်အောင်မွှေး ..
လေးလံအောင် ပြု..
ခူးရန် မကြံရက်..သောပန်း..
ဥယျဉ်မှုးသည်
အတွေးထဲမှာသာ နမ်းခဲ့သည်..။
(၇)
အချစ်သည်
ရင်နှင့်ရင်ဘတ်
စည်းချင်း ခတ် ချင်းမဟုတ်..
ရင် နှင့် ရင်ဘတ်
နွယ်ယှက်ခြင်းသာ ဖြစ်သည်…။
(ရင်နှင့် ရင်ဘတ် နွယ်အယှက်..
မျက်ဝန်း နှင့် မျက်ဝန်း အဆုံ..
မှုံပြပြ နှလုံးသားမှာ
တံခါးအထပ်ထပ် ပွင့်သောအခါ..
ထိုအရာကို
သူမဆီ ကိုက်ချီ ပျံသန်းသွားပါမည်.။)
(၈)
သူမသည်
ပန်းလက်ဖ၀ါးတို့ကို ပိုင်သေးသည်…။
(၉)
ပန်းလက်ဖ၀ါးတို့ဖြင့်..
တေးချင်းကို တီးခတ်..
ကောင်လေး၏ ရင်ဘတ်
စက်ရုပ် ဇာတ်ကွက် တစ်ခန်းရပ်ခဲ့..၏။
(၁၀)
ကျွန်တော်..သူမကို ချစ်သည်.။
(၁၁)
အစိမ်းရောင်လွင်ပြင်..
အပြာရောင်ကောင်းကင်နှင့်
ပါးလွှာသော ပင်လယ်..
ဝင့်တယ်သော တိမ်စိုင်..တို့ထက်
သူမပို၍ လှသည်…
(၁၂)
မိုးကုပ်စက်ဝိုင်း မျဉ်းကွေး..
နေမိသားစုနှင့် အာကာသ..
သူမ ကျော်လွန်၍ လှခဲ့ပြီ..။
(၁၃)
သူမသည်..
တင့်တယ်ခြင်း ပါနိုရားမားတစ်ခုဖြစ်သည်..
သူမသည်..
ကမ္ဘာမြေဖွား နတ်သမီးတစ်ပါး ဖြစ်သည်..
သူမသည်..
လူဝင်စား ခတ္တာတစ်ပွင့်ဖြစ်သည်..
သူမသည်ပင်
ပန်ဒိုရာ ၏ လျို့ဝှက်လက်ဆောင် ဖြစ်သည်..။
(၁၄)
နှလုံးသားတွင်
အင်နားရှားမရှိသည့်အကြောင်း
သူမ ကြောင့်ယုံသည်..
နေမြဲတိုင်း မနေလို
အေးမြဲတိုင်း မအေးခဲ..ရှာခဲ့..ရ.။
(၁၅)
ထပ်ပြောပါဦးမည်..
သူမကို ကျွန်တော်ချစ်သည်…။
(၁၆)
အလင်းတံခါးတို့ဖြင့်
နှလုံးသားကို စစ်ကြောင်းဖွင့်..
ကိုယ့်အိပ်မက်များကလည်း ရင်ဖွင့်ကြို…
အချိုဆုံး လောကဒံတရားကို
ရင်ခွင်ထဲ ပျိုးကျဲ ခဲ့ပါမည်.။
…………………….
ကြည်နူးခြင်း မိုးစက်များ ပက်ဖြန်း..
ထိုသော ပန်းများဖြင့်
စကြာဝဠာတစ်ခုလုံး လွှမ်းပါစေ….။
(၁၇)
ခရမ်းရောင် တိမ်တို့သည်လည်းကောင်း
စမ်းချောင်းတို့သည်လည်းကောင်း..
လေပြည်ငြင်းသည်လည်းကောင်း
သူမခေါင်းမှ ကြွေကျသွားခဲ့သည် ချည်းပင်။။
(၁၈)
နောင်တစ်ခေတ်တွင်
သူမ၏ တင့်တယ်ခြင်းမြားတို့သည်
မာယာကမ်းပါးများတွင် စိုက်နစ်လိမ့်မည်..
ထိုသောနေ့တွင်
ကွန်ပစ်သောလက်များ
ပန်းပျိုးကြ လိမ့်မည်….
…………………………….
ရဲရင့်ခြင်း အလံကို ပန်၍
မြောက်ပြန်လေတို့ကြား သူမကလိမ့်မည်…
သူမ…..ကပေလိမ့်ဦးမည်…။
(၁၉)
သန့်စင်သော ကြယ်ဖြူများဖြင့်ဖြန့်ခင်း
ရင်တွင်းက ကဗျာတစ်ပုဒ်..
သူမ ကို သရုပ်ဖော် ရန်
မ ပီ ခဲ့ ပါ……။
……………
သူမ၏ တင့်တယ်မှုအား..
စိုးစဉ်းမျှ မ မီ ခဲ့ ပါ…….။
(နိဂုံး)
ထိုညတွင်
အဖြူရောင်ကိုဆင်၍
သခင် သည် လှနေပါလိမ့်မည်..။
နိုးဆက် နေ့
(10.2.2013)
Comment #2
အသည်းသာကွဲဖူးတာဗျ နူးနူးညံ့ညံ့က ခံစားဖူးတာမဟုတ်တော့ ခက်တယ် ဟဲဟဲ
Comment #3
r pay twr par ei
yay lite ta mya twe akone Heart Hti par ei 😀
Comment #4
ko set dot a yann sate nyit twar hmar be naw
😛
Comment #6
ဒီကဗျာနဲ့ ထိုက်တန်တဲ့ comment ကျွန်တော့ခေါင်းထဲမှာရှာမတွေ့ပါ အဲ့ဒီလောက်ကို ဒီကဗျာအဖွဲ့အနွဲ့က ပြောင်မြောက်လွန်းတယ် အရင်ကကဗျာတွေထက် ဒီကဗျာလေး ပိုဖတ်လို့ကောင်းပါကြောင်း ~~
With respect,
RAY
Comment #7
ချစ်စရာကောင်းတယ် ကဗျာလေးက
Comment #8
အပိုတွေကိုမပြောတော့ဖူး
ထုံးစံအတိုင်းပဲ မိုက်တယ်
Comment #10
🙂
Comment #1
i like so much if u write sweet love & conbine.
i dislike if u write anger with broken.
he.he