ချစ်သူ…… သိစေ
ကောင်မလေးရယ်……
တကယ်တော့…ငါဆိုတဲ့ကောင်က
ရင်ဘတ်နဲ့မဆန့်တဲ့ ဒဏ်ရာတွေကိုထွေးပိုက်ရင်း..
နင့်အနားမှာ ခြေစုံရပ်နေမိသူပါ….
စောင်းငဲ့အကြည့်တစ်ချက်အောက်မှာ
ငါ့မျှော်လင့်ခြင်းတွေ အတုံးရုံးလဲကျ
သမင်လည်ပြန်ငေးကြည့်ပေးပါ ။
ခပ်တိုးတိုးရေရွတ်လိုက်မိတဲ့
နင့်နာမည်လေး ကြယ်တွေကြားထဲ
လမ်းပျောက်နေလေရဲ့
မလှမ်းလာတော့မယ့် လက်စုံတစ်ကြောင့်
ကမ်းလင့်လာမယ့် လက်ဖဝါးနုနုလေးကို
မမျှော်လင့်ရဲခဲ့ပြန်ဘူး ….
( ငါ့အပြစ်တွေဘဲထားပါတော့ )
လိမ်ညာမှုတွေများစွာထဲကမှ
ကိုယ့်ကိုကိုယ် လိမ်ညာခြင်းက
အပင်ပန်းဆုံးဖြစ်မှန်းသိလိုက်ရပြီ။
ပုဒ်မချပြီးသားကဗျာတစ်ပုဒ်ဖြစ်နေပေမယ့်လည်း
အရိုးသားဆုံးငါဝန်ခံပါရစေ
နင့်ကိုငါသိပ်ချစ်တယ် ကောင်မလေးရယ်…….
ချစ်ခြင်းအားဖြင့်
မာန်ခက်ဝင့်
06.02.2013
Comment #3
အားပေးဖတ်ရှုသွားပါတယ်ဗျာ……
Comment #4
လိမ်ညာမှုတွေများစွာထဲကမှ
ကိုယ့်ကိုကိုယ် လိမ်ညာခြင်းက
အပင်ပန်းဆုံးဖြစ်မှန်းသိလိုက်ရပြီ။
Comment #5
ပုဒ်မချပြီးသားကဗျာတစ်ပုဒ်ဖြစ်နေပေမယ့်လည်း
အရိုးသားဆုံးငါဝန်ခံပါရစေ
နင့်ကိုငါသိပ်ချစ်တယ် ကောင်မလေးရယ်…….
ပြီးဆုံးသွားသောဇာတ်လမ်း တခုရဲ့နောက်ကွယ်က မပြီးဆုံးနိုင်သော ချစ်ခြင်းမေတ္တာ
Comment #1
hna lone tarr hnit khan sarr arr pay twar par de.