ပန်းကလေး…..ချစ်သူ (သို့ ) ဆူး
အကြွေပန်းတွေ ကြွေတဲ့မနက်ကပေါ့ ချစ်သူ……….
ပန်းပန်သူ၇ဲ့ ………………
ပန်ဆင်ဖို့  အခက်ကိုချိုး အရွက်တွေချွေတဲ့ ခဏ
သူ့ ခေါင်းပေါ် မျက်နှာချီ….ဝင့်လို့ ဘဝ….
ပန်းဆိုတာ တန်ဆာတဲ့ချစ်သူ…
အိမ်ရှင်မတစ်ယောက်ရဲ့……………
အရွယ်ညီချိုးပါလို့  သုံးအိုးရယ်စီကာ ခစား
သူက..ဘုရားပုထိုးရဲ့ရှေ့တော်ပြေးပေါ့
ဥယျာဉ်မှူးတစ်ယောက်ရဲ့…………
ရင်သွေးတစ်ယောက်ပေါ့ ချစ်သူ….
မွေးဖွားခြင်းတစ်ဖက် ထိမ်းမြားခြင်းတစ်လက်နဲ့ 
သူက…ပန်းကလေးအတွက်…သုဘရာဇာဖြစ်ခွင့်မရှိခဲ့ဘူး…
အဆူးကိုခြွေပါ…..အရွက်လဲစွန့် ပါ
ချစ်သူက……….နှင်းဆီရိုင်းလေးလေ
ချစ်သူ…..ဆူးအဖြစ်နဲ့ နေရမယ်ဆိုလဲ
အခြွေခံရမယ်မှန်းသိသိကြီးနဲ့ .ကျွန်တော်နေချင်ပါသေးတယ်……..ချစ်သူ..။
Comment #3
အခြွေခံရမယ်မှန်းသိရက်နဲ့ ကျွန်တော်နေချင်ပါသေးတယ်..ချစ်သူ(မိုက်တယ်).အားပေးသွားပါတယ်
By: ကဗျာချစ်တဲ့ကြယ် at Feb 18, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားတယ်ဗျ ကြိုက်၏