ငါ့ တနင်္ဂနွေ
စိတ်ပင်ပန်းမှုတွေကို
ခဏလေး တူတူပုန်းနိုင်တဲ့ နေ့
ပြိုင်ဆိုင်မှုတွေကို
ခဏလေး မေ့ထားနိုင်တဲ့နေ့
လွမ်းချင်တဲ့သူ လွမ်းချင်တဲ့နေရာကို
လွတ်လပ်စွာ လွမ်းခွင့်ရှိတဲ့နေ့
တပါတ်လုံးရဲ့ မကျေနပ်မှုတွေကို
အခန်းကျဉ်းထဲမှာ ဖောက်ချနိုင်တဲ့နေ့
နောက်နေ့အတွက် အားသစ်တွေကို
ဘုရားရှင်ဆီက ပြန်တောင်းဆိုနိုင်တဲ့နေ့
အိပ်ပျက်ညတွေရှိခဲ့ရင်
အတိုးချ အိပ်ပစ်နိုင်တဲ့နေ့
ကိုယ်သွားချင်တဲ့နေရာကို
ကိုယ်သွားချင်တဲ့သူနဲ့ သွားနိုင်တဲ့ နေ့
အဲ့ဒီ့နေ့က
ငါ့ရဲ့ Favorite Sunday!
Comment #2
my special day

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လွမ်းချင်တဲ့သူ လွမ်းချင်တဲ့နေရာကို
လွတ်လပ်စွာ လွမ်းခွင့်ရှိတဲ့နေ့
အားပေးသွားပါတယ်ဗျာ