အပြောင်းအလဲတွေကြားကအဆင်မပြေမှုတွေများ
တောရိပ်တောင်ရိပ်
ချောက်ချောက်ခြားခြားပဲ
အလွမ်းရင်ကွဲသံသဲ့သဲ့
အင်းလေးခြေလှမ်းဆုတ်သံလား
ရှမ်းတောင်တန်းကြီး ရှိုက်သံလား
အပြောင်းအလဲတွေကြား
အပြောင်းအလဲတွေများကုန်ကြပြီ
အဆင်မပြေမှုတွေကြား
အဆင်မပြေခြင်းတွေဆက်နေခဲ့ပြီ
ဒီတော့..
အတိတ်ကိုအတိတ်မှာပဲထား
အခုအတိုင်းပဲဆက်ရှေ့ဆက်
ကောင်းတဲ့အနာဂတ်ကိုတွေး
ကောင်းတဲ့အကြောင်းတရားတွေ ထပ်ဖြည့်ရင်း
ကောင်းတဲ့အကျိုးတရားတွေမျှော်လင့်လို့…. ။ ။
(ပျက်စီးနေဆဲရှမ်းတောင်တန်းကြီးများသို့)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂