လက်ရှိ လက်ကျန်
ရာစုနှစ်ရဲ့  အကောင်းဆုံး
ပျက်လုံးတွေကို အန်ချနေတဲ့ 
ရောဂါသည်ဟာ
ဘယ်သူမှန်းမသိ…။
လောကရဲ့ သွေး မဆီးတဲ့ 
ကမ္ဘာကြီးရဲ့  အသားပိုဟာ
ဘယ်သူမှန်းမသိ..။
အမြန်လမ်းမကြီးပေါ်
ငြီးငွေ့ စွာ တွားသွားနေတာ
ဘယ်သူမှန်းမသိ…။
ပန်းတစ်ပွင့်ငေးနေသူဟာ
မမြစ်တွေကို ဘယ်တော့မှ
လှန်မကြည့်ဘူး..။
ဖြစ်နိုင်ရင် ကျွန်ုပ်ပါ
အမှန်တစ်ကယ် ရယ်ရ၍
ရောယောင်ရယ်ချင်သည်
ညတော့နက်လေပြီ….။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service