မှန် မဟုတ်တဲ့ မှန်
ပျော်ရွှင်စရာ
နာရီလက်တံတွေ မရှိဘူး
နာကျည်းခါးသီးမှုတွေကတော့
မျက်စိတစ်ဆုံးမြင်ရရုံပါ …။
ကြည်နူးစရာ
မျှော်လင့်အိပ်မက်တွေ မရှိပါဘူး
ကြေကွဲစရာ အဖြစ်ဆိုးတွေကတော့
ကောင်းကင်ပြင်လို အုပ်ဆိုင်းနေရုံပါ …။
တွယ်တာစရာ
အချစ်သံစဉ်တွေ မရှိပါဘူး
အမုန်းတွေ .. ခံပြင်းမှုတွေ
ကြမ်းရှရှ ဖြစ်နေရုံကလွဲရင်
ငါ့ ဘဝ
နေပျော်ပါတယ် … … ။
Comment #4
ခုလို အားပေးကြတဲ့ မောင်လေးတွေကိုကျေးဇူးတင်ပါတယ်
မအိလေးကတော့ ကျေးဇူးအထူးတင်ရမှာပေါ့နော်
ဒီလိုပဲ အထီးကျန်လာတော့ ရေးမိသွားတာပါ
By: မေပျို at Feb 21, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
hin
may pyo ka le
🙁