Ji
ကောင်းကင်တလွှားဆီက
(ရရှိခဲ့သော) ပန်းသီ တေးသွားတွေနဲ့အတူ…
……………………………….
ပူနွေးနွေး ရင်အုံပေါ်ဆင်းသက်
နှလုံးသားကို ဖတ်ရှု ကြည့်ပါ….
…………………………………
အမှန်တရားနဲ့ အနူးညံ့ဆုံးဘာသာဗေဒ အရ…
မင်းကို ငါ ချစ်တယ် (နတ်မိမယ်)…….။
……………………………………
မင်းနေရာမှာ ငါဖြစ်ချင်တယ်……
ကြယ်စင်စုတွေကိုတောင် မျက်ဝန်းနဲ့ပြုစား..
ကြွေကျစေသော တန်ခိုး…မျိုး……..
လူပေါင်းများစွာရဲ့ မျက်ဝန်းတွေထဲ….
အားကျဖွယ် တင့်တယ်နေသော တန်ခိုးမျိုး…..
ခေါင်းအငုံ့ ခေါင်းအမော့..
လေညင်းနဲ့ ပြေးဆော့…. ခွင့်ရှိတဲ့
မင်းကိုယ်သင်းရနံ့ရဲ့ တန်ခိုးမျိုး……………
လူပေါင်းများစွာရဲ့ စကားသံတွေ ထဲ..
တိုးတိတ်စွာရေရွတ်..ပျော်ရွှင် ကြရတဲ့ မင်္ဂလာ..
မင်းအမည် နာမရဲ့ တန်ခိုးမျိုး….။
……………………………………….
ရိုကျိုးခြင်းမှာသာ သာယာရ လိမ့်မယ်…(ဆိုတာ)
ငါ သိ တယ်………………………
……………………………..
အေးမြခြင်းတွေ.. ကွန်ယက်သဖွယ်..
မင်းလိုထည်ဝါမှုမျိုးနဲ့ ငါ ထည်ဝါချင်တယ် နတ်မိမယ်…
………………………………………
ကောင်းမြတ်ခြင်းတွေ လှုပ်နှိုးဖို့
မင်းနှုတ်ခမ်းများက ဂီတကိုလည်း…
ငါသီဆိုချင်သေးတယ်……..
………………………………………….
မော့ ကြည့် ပါ….
ဒါမှမဟုတ် ငုံ့ကြည့်ပါ….
ပြီးရင်
ကောင်းကင်နဲ့ မြေပြင်ကြားက
လူသား ယောက်ျားလေးကို မြင်ပါ….
…………………………………………
ပြီးရင်….
အားလုံးသော လောကတရားတွေကြား…
မင်း ကြွင်းကျန် အသက်ရှင်ပါ…..
…………………………………………………………….
ငါ……..
ဘယ်တော့မှ အသည်းကွဲတော့မှာ မဟုတ်…ဘူး……..။
Comment #2
i would like to know hat’s the meaning of title?
🙂

Comment #3
ကျေးဇူးပါ မအိလေး။ ခေါင်းစဉ်အတွက် တောင်းပန်ပါတယ်။ ဒီကဗျာထဲက ကောင်မလေးက အပြင်က ကောင်မလေးကိုရည်ရွယ်ထားတာပါ။ Ji ဆိုတာ သူ့နာမည်က ရှေ့ဆုံးနှစ်လုံးပါ။

Comment #4
ကောင်းပါတယ်
ငါ ဘယ်တော့မှာ အသည်းကွဲမှာ မဟုတ်တော့ဘူး

Comment #5
အားပေးဖတ်ရှုသွားပါတယ်ဗျာ…….

Comment #7
ဲI <3 Ji
Ok? 🙂

Comment #1
nice cereation.
so much lovely poem match with meaningful sweet words.
end with the most satisfied decision.