တောခိုသွားသော ကဗျာတစ်ပုဒ်
အရာရာကို လွဲမှားသွားသော အသိတရားများစွာ နှင့်……….
(က)
ဆောင်းဦးအရိပ်အောက်တွင်….
အသစ်တစ်ခု ကို စတွင် တွေ့ ရှိမိခဲ့ပါသည်….. (အဟွတ် အဟွတ် )
–
– ထိုသို့ နှင့်… အိမ် ထဲသို့ ခေါ်ဆောင်ခဲ့ဖူးပါသည်…..
–
– ကောင်မလေး ရေ….. မင်းဟာ ငါ့ရဲ့ ကမ္ဘာ ပါ….. ( ထို နေ့ က မိုးရွာမလိုလို နဲ့ နေပူခဲ့ပါသည်…)
–
–
–
(ခ)
– ကိုယ်ဟာ….မင်းအတွက်…စွန့် လွှတ်မယ့်သူဖြစ်ချင်ခဲ့တာပါ
–
– ဒါမှ မင်းဘ၀အတွက် …သာယာဖြောင့်ဖြူးမယ့်လမ်းလေး တည်ဆောက်နိုင်မှာပေါ့…
( အဲ့လိုပြောတော့…. ခပ်တည်တည် နဲ့ တောက်ခေါက်သေးတယ်…..)
–
–
“ ကတောက်….. ရုပ်ကိုက မချို မချဉ်နဲ့ …”
–
-“ ကောင်မလေးရေ…… ငါကတော့…မင်းပြောတဲ့ နေက စပြီး…ချိုချဉ်တွေ ၀ယ်စားတာ ..
အခုလည်ချောင်းတောင် တော်တော်လေး ..နာနေပြီ..”
–
– သူက ဆက်ပြောသေးတယ်….
–
– “လည်ချောင်းတင်မကဘူး… အသက်ပါတစ်ခါတည်း ပါသွားရမှာ…….ဟွန်း…”
–
– (မင်းအတွက် ငါ့အသက်က ပေးပြီးသားပါ…..[ချောက်ထဲသာ ခုန်မချခိုင်းလိုက်နဲ့ ]
–
–
–
(ဂ)
–
-ချစ်သူရေ…..မင်းနဲ့ ကိုယ်နဲ့ မနီးစပ်ခဲ့တာ (၁၀) နှစ်ပြည့်ခဲ့ပြီနော်………
–
–
–
ဒီလိုပြောခဲ့ပါတယ်……
–
–
–
သူမ ကျွန်တော့် နှလုံးသား အိမ် ထဲက ထွက်ပြေးခဲ့ပါတယ်….
–
–
–
ကျွန်တော် ငိုခဲ့ပါတယ်……
–
–
–
သူမ……အကောင်းဆုံး သစ်ပင်ထက်ကိုပြေးသွားပါတယ်……
–
–
–
ကျွန်တော်….ထံသို့ေ၇ာက်လာဦးမည့်…တစ်စုံတစ်ဦးကို ထပ်မံစောင့်နေခဲ့တယ်……( အဟွတ်အဟွတ် )
–
–
–
ထိုသို့ နှင့် ကျွန်တော့် အသက်…(၂၂) ထဲသို့ ရောက်ခဲ့ပါတယ်…….ထိုသို့ နှင့်… ကျွန်တော် နှလုံးသား တစ်စိတ်တစ်ပိုင်းလည်း
–
–
– ပုပ်သိုးခဲ့ပါသည်….. ကဗျာတစ်ပုဒ်လည်း….တောခိုသွားပါသည်….. မြေခွေး ဘ၀သို့ လည်းပြောင်းခဲ့ပါသည်….
—
–
–
–
အာကာ….
မှတ်ချက်။။။.(ရေချင်းတာတွေ လျှောက်ရေးထားတာပါ…..)
Comment #2
အားပေးသွားပါတယ်ဗျာ

Comment #1
အရင်တုန်းကလိုပဲ ရေးပုံဆန်းဆန်းလေးတွေကို အားကျလျက်ပါကိုအာကာ