သဝန်တိုတတ်တဲ့ ဒီရင်ဘတ်ကိုလွယ်ရင်း နင့်အတွက်ရည်ရွယ်တယ်..
ရင်ဘတ်စမ်းမကြည့်လဲ
အချစ်ဟာ အချစ်ပါပဲ
နင့်အနားသူစိမ်းမြင်ရင်
သဝန်တိုတတ်တဲ့ရောဂါ ငါ့မှာတစ်ကယ်ရှိတယ်။
ဘယ်လိုမေးမေး ဘာဖြေရမှန်းမသိဘူး
အတ္တ နဲ့ ခန္ဓာ
ငါ့မှာ….
ခမ်းခမ်းနားနား ပူလောင်လာတယ်။
တိုးတိုးတိတ်တိတ် ရယ်ပါ
ငါ ပိုက်ထားတဲ့
မျှော်လင့်ခြင်း စုဗူးထက်
မျက် ရည် စက် စက် ကျ တယ်။
သို့/ .. သေမင်း
သူမ မျက်လုံးတွေဒေါင့်စွန်းမရောက်ခင်
ငါ့ကိုခေါ်ပါ။
(ကောင်မလေးနဲ့ရန်ဖြစ်အပြီး တစ်ရက်အကြာ)
စိုင်းအိုက်ပီး-ကျောက်မဲ
Comment #2
အရမ်းကောင်းပါတယ်…..
အားပေးသွားပါသည်။
By: နွေ at Feb 23, 2013
Comment #3
Thank 4 all 🙂
By: saiaipee shanland at Feb 23, 2013
Comment #4
ထပ်တူကျစွာ ခံစားအားပေးသွားပါတယ်။
By: မာန်ခက်ဝင့် at Feb 23, 2013
Comment #5
အားပဲ အားပေးပါဗျာ။ ထပ်တူတော့မကျချင်ပါနဲ့..ဒီမှာအသည်းကွဲနေပြီ :'(
By: saiaipee shanland at Feb 23, 2013
Comment #6
ဟိုက် !!! ကောင်မလေးနဲ့ ရန်ဖြစ်အပြီးတစ်ရက်အကြာဆိုပါလား
ကဗျာလေးကောင်းပါကြောင်း ~~
With respect,
RAY
By: X - ray at Feb 25, 2013
Comment #8
ကြိုက်သွားးးးးးပီ
By: အရိပ် at Feb 25, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
i like every words.
i love both choice of words and title.
🙂
without deeply falling in love with each other; there is no more jealousy & care.
🙂