လေလွင့်သူ
ငါမနေ့ ကအမူးလွန်ခဲ့တယ်…..ချစ်သူ
သူများတွေ ရင်ဖွင့်တဲ့ အချစ်အကြောင်း
နင်မှတ်မိရလောက်အောင် ဘောင်မ၀င်ခဲ့ဘူး။
ငါဆိုတာ အဓိပ္ပာယ်နဲ့ ကင်းလွတ်နေခဲ့တာကိုး…
ဆောရီးပါ….
ငါမုန်းတဲ့ စကားထဲ တစ်လုံးတိုးလိုက်ပြီ။
ဆောရီးပါတဲ့……..
ဘယ်လို ခံစားကြည့်ရင်ကောင်းမလဲ?
မသိ…..လွဲ ချော် သွားတဲ့ ရှင်သန်ခြင်းမှာ
ဘ၀တစ်ခုစာ လွမ်းဆွတ်ခြင်းတွေ တိမ်းမှောက်
ဟုက်ပါတယ်…။
ငါဟာ မြေပုံမပါတဲ့ ကောင်
ငါဟာ ဒသမ နောက် က သုည
ငါ့မှာ မိုက်ရူးရဲ ယုံကြည်ချက်တွေက လွဲရင်
ဘာမှ ဆာလောင်ဖို့ မကောင်းဘူးး။
အချစ်တစ်ခုထဲနဲ့ မျှော်လင့်ဖို့ မရှိရင်လည်း
ငါနေရစ်ခဲ့ပါ့မယ်။
စည်းအပြင်မှာရပ်ဝန်းမှာပေါ့။
Comment #3
အားပေးသွားပါတယ် သူငယ်ချင်း… 🙂
loafer

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခံစားအားပေးသွားပါတယ် တခုခုလိုနေသလို ထင်မိပါတယ်