အကာမရှိ
အဖြစ်အပျက်လေးတစ်ခုပါပဲ
ပုံရိပ်တွေ တော့ထင်နေဆဲ….အချိန်တွေ ရွှေ့သွားပေမဲ့ပေါ့။
နင်ပြောတဲ့ လေသံဝဲလေး….
အဲ့လောက်တုန်ခါမှုလှိုင်းမြင့်မယ်ဆိုရင်
နှလုံးသားနဲ့ နားထောင်မိမှာမဟုက်ဘူး..။
ငါဟာအရူးတစ်ယောက်ပါတဲ့….
ဟုက်ပါတယ်…။
နင်ပြုစားခဲ့လို့ ရူးခဲ့တာ
ပတ်သတ်မှုတွေ အတိုင်းထက်လွန်ခဲ့ပေမဲ့
လေစိမ်းတွေ..ထန်ခဲ့ရပြီ။
ပထမဆုံး အနမ်း …. ပထမဆုံး အလွမ်း
ပထမဆုံး ရင်ခုန်သံတွေ…
ငါခုထိမေ့မရနိုင်သေးဘူး..။
ဂျူလိုင်မိုးတွေ သည်းလို့ကောင်းတုန်း..
ပါးပြင်ထက်က မျက်ရည်စတစ်ချို့
သုတ်ပေးခဲ့တဲ့ နင်…..
ကဗျာဆန်ဆန် အဆုံးသတ်သွားမှတော့
လမ်းဘေးကဇော်ဆိုင်….ထိုင်ဖို့
အချိန်အခါကျ…..
မေ့နိုင်အောင် ကြိုးစားချင်တဲ့…….ငါ
ဘ၀ကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်လို့
သူငယ်ချင်းတွေကြား ဟန်ဆောင်တင်းမာလို့
အဖြေမှန်မထွက်တဲ့ ပုစ္စာတစ်ပုဒ်ကို
နင်ပေးတဲ့ အင်္ဂံလိပ်ကဗျာတွေထဲ
ခေါက်ရိုးကျိုး သိမ်းထားမိဆဲ….။
ငါ့ကို မပြုစားပါနဲ့ တော့ဟာ..။
နင်ကျကွဲ သွားတယ်ပြောတဲ လော့ဂရမ်သမ်လို
ငါ့အချစ်တွေ တစ်စစီပျဲ့ ကျဲလို့( နင့်အတွက်)
နင်…ရွှေ့တဲ့ အကွက်တွေကြား
ရေမရှိတဲ့ ချောင်းထဲ ရေတိမ်နစ်ခဲ့ပြီ။
အဖြစ်အပျက်လေးတစ်ခုလိုပါပဲ…။
Comment #1
khan sarr arr pay twar par de shin.
🙁
so sorry to read.