ကိုယ့်သေတွင်းကိုယ်တူးဖော်ခြင်း..
ငါနင့်ကို ချစ်တယ်ကောင်မလေး….နင်သိရဲ့ လား..?
ပြောသမျှစကားတွေမှာ…ဟာသ ကို တရားခံ လုပ်ထားပေမဲ့
နင့်အတွက်…ကမ္ဘာကျော်ဟာသတော့.မဖြစ်စေချင်ဘူး..။
ငါနင့်ကို တကယ်လိုအပ်တယ်…။
အားငယ်နေချိန်ဖြစ်ဖြစ်….ခံစားနေရချိန်ဖြစ်ဖြစ်…
ငါ့ဘ၀မှာ နင်သာပထမပါ…ကောင်မလေး..
ငါတို့ ပတ်သတ်မှုမှာ အရောင်တွေမရှိပေမဲ့..
နင်ပျော်တတ်တာဟာ….ငါ့အတွက် ခံနိုင်ရည်မဲ့စေတယ်..။
နင်သိရဲ့လား…?
ညီမျှခြင်းတစ်ခုမှာ ငါတို့ အဖြေတွေ ကွာဝေးနေခဲ့တာ
သိတယ်…..မသိဘူး…….တကယ်မသိချင်ဘူး….ဟာ
နင့်အိမ်မက်ထဲက…မင်းသား ငါမဖြစ်နိုင်ပဲ…
ငါဟာ ကာရံမဲ့ ကဗျာ တစ်ပုဒ်ကို အသက်သွင်းချင်သူ
ထားပါတော့…ဒီအတိုင်းလေးပဲ….။
နင်မျှော်လင့်ချက်တွေ မပေးပါနဲ့ တော့…ဟာ
နင်ဂရုစိုက်ခဲ့တာမဟုက်ပေမဲ့…..ငါ့ကိုလျစ်လျူရှုလိုက်ပါတော့…
ငါ့ကိုအမှား(အမှန်တစ်ဝက်) ဆိုတာကြီးနဲ့ ထိပ်တိုက်မတွေ့ပေးပါနဲ့တော့..
နင်မသိပေမဲ့…..နင်ပေးတဲ့ ဒဏ်ရာတွေနဲ့ ငါ……
လူမသိသူမသိ..ကြေကွဲလို့…..
အချစ်ဆိုတာကြီးနဲ့ စိန်ပြေးတမ်း ကစားနေမိတယ်…..
နင်သိရဲ့လား ကောင်မလေး….။
ကမ္ဘာမကျော်ရင်တောင်…ငါ့ကို ဟာသတစ်ပုဒ်လို….
နင်အမြဲရယ်မောပစ်နိုင်ပါစေ..ကောင်မလေး….
ဒီအတိုင်းလေးပေါ့………။
Comment #3
really awesome(us infm use)
Comment #1
r lar lar..
special nice.
i don’t think it’s funny.
it’s all based on real strong one.
it isn’t allurement.