အတ္တပုံဆောင်ခဲများ
ဝေဖန်မလို့လား . . နေဦး . . အသက်တစ်ချက်ရှု
ရှုပါ . . ခပ်ဝဝရှု ၊ ခပ်ပိန်ပိန်ရှု ၊ ခပ်မှန်မှန်ရှု ၊
မှိန်းရှု ၊ စောင့်ရှု ၊ ထောင့်မှန်ကျကျရှု . . မှန်မမှန် ကျမကျ
အလွယ်တကူ (လိုအပ်ရင်) ဖြောင့်ဖြောင့်တန်းတန်း ကျိုးပျက်နိုင်တဲ့လူ့ကျင့်ဝတ်
ဟိုဘက်နည်းနည်းတိုးပါ ၊ တန်းစီပါ ၊ အလုပ်သဘောအရ ဆက်ဆံရေးထက် ပို/မပိုရင်
လူ့တံဆိပ်ကပ်နှိပ်ထားသော လူသားဆန်ဆန် စဉ်းစားတွေးခေါ်ပုံများ ၊
လူအခွံ ၊ လူသွေး ၊ လူသား ၊ လူ့အဖွဲ့အစည်း ၊ . . . . လူ . . . . .
လူတို့ပြုလုပ်ထားသော လူလုပ်လူ ၊ လူဟုခေါ်သောလူ
ပခုံးနှစ်ဖက်ကြား ခေါင်းတစ်လုံး လက်နှစ်ဖက် ခြေနှစ်ချောင်းထက်အပိုမပါသူ (လူ)
လူရိပ် ၊ လူယောင် ၊ လူ့အရိပ်အရောင် ၊ လူလက် ၊လူခြေ ၊ လူမျက်နှာ
လူမျက်လုံး ၊ လူနှုတ်ခမ်း ၊ လူလှုပ်ရှားမှု ၊ လူ့အသားအရေ
လူကဗျာ ၊ လူအမုန်း ၊ လူအချစ် ၊ လူသစ္စာ ၊ လူမာယာ
လူလူလူလူလူလူလူလူလူလူလူလူလူလူလူ
လူ လူ
လူ လူ
လူ လူ လူ
လူ လူ
လူ လူ
လူလူလူလူလူလူလူလူလူလူလူလူလူလူလူ
လူအတွေးလူတွေး ၊ လူဟာလူဖြစ်ကြောင်း သက်သေပြဖို့ လူလိုတွေး
လူအချင်းချင်း လူလူချင်း လူဖြစ်ကြောင်း လူတံဆိပ်ကပ် လူလုပ်လူ
မိငြိဏ်းခက်
Comment #1
mike de
🙂