နင့်ကိုသတိရတဲ့အခါ..
နင့်ကိုသတိရတဲ့အခါ…
နင့်ကို ငါ သတိရတဲ့အခါ
မဆီမဆိုင် လူတိုင်းကို ပြုံးပြမိတယ်
နင့်ကို ငါ သတိရတဲ့အခါ
အလွမ်းသီချင်းတွေ ဆိုညည်းမိတယ်
… နင့်ကို ငါ သတိရတဲ့အခါ
သူငယ်ချင်းတွေကို နင့်အကြောင်းပြောမိတယ်
နင့်ကို ငါ သတိရတဲ့အခါ
ဟာသကားတွေကြည့်ပီး ရီမိတယ်
နင့်ကို ငါ သတိရတဲ့အခါ
အတူသွားခဲ့ဖူးတဲ့ နေရာတွေကို ပြန်သွားမိတယ်
နင့်ကို ငါသတိရတဲ့အခါ
အဝေးကနင့်ကို ဖုန်းဆက်မိတယ်
နင့်ကို ငါ သတိရတဲ့အခါ
နင့်အကြောင်းတွေးပီး ပြုံးမိတယ်
အချိန်တိုင်း သတိရနေတာမို့
24 နာရီထက် 1စက္ကန့် ပိုပြုံးမိတယ်
( ချစ်သူကို သတိရလို့ နာကျင်ရတာထက် ချစ်သူကို သတိရတိုင်း သူ့အကြောင်းတွေးပီး ကြည်နူးနေချင်တယ် )
Comment #2
အောက်ဆုံးက စာသားလေးကိုပိုသဘောကျမိတယ်။ 😀
By: မာန်ခက်ဝင့် at Mar 1, 2013
Comment #4
automatically smile & feel cool if i m thinking of…..
😛
By: ei lay at Mar 1, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so sweet.
envy u.
really awesome.
i admire u coz u can make ph call.
i m jealous u that u look funny entertainments.
😛