ထိုသို့ကြုံခဲ့ဘူးသည်
သစ္စာ မရှိလို့
ချည်နှောင်ခံခဲ့ရတာမဟုတ်ဘူး
သစ္စာရှိလို့
အချည်နှောင်ခံဖို့ သွားခဲ့တာ
လည်ပင်းကို လာချည်မယ်မှန်း
သိမှ မသိခဲ့တာကွယ်။
အဖြစ်က
အလွန်အမင်း ၀ိုင်းစက်…လှပနေတာနဲ့
“သုည” ဆိုတာ မေ့နေခဲ့တယ်။
အဲဒီအပြုံးကို
“နောက်ကြောင်း ပြန်” မုန်းလို့ ရပါသလား
မခံစားနိုင်လို့ပါ။
ကိုယ့်အရှုံးကိုယ်
အားတိုင်းထုတ်ထုတ်ကြည့်မိတာ
ဘ၀မှာ အနာကျင်ဆုံး ဖြစ်ရပ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
phat shu twar par de