ကာရံလွတ်ကဗျာတစ်ပုဒ်
ရေလာရင်မြောင်းတွေပေး
စကားကျွံသွားတဲ့ ကြမ္မာ
စုန်းသရဲတို့ ပျော်တဲ့ ည ခင်ဗျားဆိုရင်ရောထကပါ့ မလား
နေသာတုန်းဖျာခင်းပေးလို့ ခင်မင်တတ်သူပါ
အေးစက်စက် ညကန္တာရတစ်ခုမှာ
ဆူးခက်တွေခြုံရံလို့  ကျားရဲတစ်ကောင်လိုသက်လုံကောင်းခဲ့ 
သူတို့ စားတဲ့ ပလာတာတစ်ချပ်မှာသကြားမပါ
ပဲလှော်ကြားဆားညှပ်တဲ့ ငါးခူတစ်ကောင်မှာ
နှုတ်ခမ်းမွှေးမပါ
သယံဇာတမှာ လူမျိုးမပါ
သူ့ သဘောနဲ့ သူ၊ဟိုကောင်တွေက ကြားကားဝင်ဆွဲ
သစ်မြစ်သစ်ဆုံတို့  တို့ လည်းဘယ်ကိုသွားလို့ စီးဆင်းနိုင်တော့ မလဲ
မြစ်ဖျား မြစ်ဆုံတွေကိုလည်း
ပြာတာတာကောင်တွေ
သမာအာဇီဝကိုချွတ်လို့ ပလွတ်တွတ်တွတ်လုပ်ခြင်းကိုခံနေရပြီ
သာနိုင်ရင်သာပေးပါ လမင်းရယ်
ပြိုနိုင်ရင်ပြိုကျပေးပါ မိုးစက်တို့ ရယ်
ဦးကြီးတို့ ပျိုးတဲ့ မျှော်လင့် ချက်လေးတွေ
အရွက်ဖားဖားဝေလာဖို့ ပေါ့ 
လှုနိုင်ရင်လှုခဲ့ ပါဦး
သင်္ကန်းတစ်စုံရဲ့ တရားဟာ
ဒိဋ္ဌိတွေကို ပိုနှစ်ချသလိုဖြစ်နေတော့ 
နေတော့ …နေတော့ …နေတော့ 
ဟူး
ဒီလိုနဲ့  ငါစပ်တဲ့ ကဗျာတွေကာရံမဲ့ လာတော့ တာပါပဲ