ကဝေတစ်ကောင်ရဲ့ အကြောင်း
ညှို့ယူဖမ်းစားခံထားရတဲ့
ငါ့ လိပ်ပြာငယ်
ခြောက်သွေ့ နေပါရော့လား .. ။
လရောင် ဂီတမှာ
စည်းလွတ် ၀ါးလွတ်
ဇာတ်ကွက်တစ်ခုကို
ဆိုင်းငံ့ထားသလိုမျိုး
တစ်စုံတစ်ရာဟာ
အဆွေး ဓါတ် လောင်မြိုက်နေပုံပဲ … ။
ဝေးသွားမှ သတိရ
သတိရလွမ်းတတ်ကာမှ
ပိုလို့ ဝေး ကွာ သွား …
မာယာလှည့်ကွက်တွေ သုံးပြီး
ငါ့ အချစ်ကို
ဖြုန်းတီး ခဲ့တာကိုး … ကဝေ … ။
ဒါပေမဲ့လေ
အလွမ်းရာသီမှာ
ပန်းတွေ ငုံဖူးနေတုန်း …. ။
မေပျို (YIOE)
Comment #2
ကဝေ
By: ei lay at Mar 2, 2013
Comment #3
Wooh… =-O
By: n$n at Mar 3, 2013
Comment #4
ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်
By: မေပျို at Mar 3, 2013
Comment #5
ဖတ်ရှုခံစားသွားပါတယ်
By: ap at Apr 4, 2013
Comment #6
ဟုတ်ကဲ့ရှင့်
By: မေပျို at Apr 4, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မာယာလှည့်ကွက်တွေ သုံးပြီး
ငါ့ အချစ်ကို
ဖြုန်းတီး ခဲ့တာကိုး … ကဝေ … ။
ဒါပေမဲ့လေ
အလွမ်းရာသီမှာ
ပန်းတွေ ငုံဖူးနေတုန်း …. ။
အားပေးသွားပါတယ် …။ အစ်မ