လွမ်းတယ်..မေမေရယ်
“လွမ်းတယ် မေမေရယ်”
-လျှပ်စစ်မီးတွေထိန်ထိန်လင်းနေပေမဲ့
အမှောင်ကျနေတဲ့အမေ့ရဲ့ တဲအိမ်လေးလောက်
မတောက်ပါဘူး..မေမေ.
-အသားငါးတွေနေတိုင်းစားနေရပေမဲ့……
မေမေချက်တဲ့ချဉ်ရည်တစ်ခွက်လောက်…
မမက်မောဘူး..မေမေ…….
… -အခန်းကောင်းကောင်း..မွေ့ ရာကောင်းကောင်း
ခေတ်ပေါ်စည်းစိမ်ခံနိုင်တဲ့..ပစ္စည်းတွေပေါ်မှာ.အိပ်နေရပေမဲ့..
မေမေ့ အိမ်ကကြမ်းပြင်သင်ပျူးခင်းအိပ်ရသလောက်….
ဇိမ်မကျဘူး…..မေမေ..
-ကကြီးမလေးတွေရဲ့ သီချင်းဆိုသံတွေကြားနေရပေမဲ့...
မေမေရဲ့အော်ငေါက်သံလောက်…
မသာယာဘူး……မေမေရယ်…
-အချိုရည်မျိုးစုံနေ့ တိုင်းသောက်နေရပေမဲ့…
မေမေတိုက်တဲ့ဆေးခါးကြီးတစ်ခွက်လောက်….
မချိုမြိန်ပါဘူး….မေမေရယ်…
-အတိတ်ကံအကြောင်းကြောင့်……တိုင်းတပါးမှာ..
အလုပ်လုပ်နေရတဲ့အကျိုး……နှစ်ရှည်လများ…..
မတည်တံပါစေနဲ့လို့  ဆုတောင်းရင်းနဲ့ပဲ့…..
စိတ်ဝယ်ရည်မှန်း…လက်ဆုံမိုးပြီး…
ရိုသေစွာရှဉ်ခိုးလျှက်….အစဉ်မြဲ…
လွမ်းနေပါတယ်……မေမေရယ်…...
TA BOUND(seoul)
(3.3.2013)
12:30AM
{အဝေးရောက်သူတွေ…..ခံစားချက်လေပါ..}
Comment #3
အားပေးသွားပါတယ်… ကဗျာလေးကိုကြိုက်လို့ရှယ်ချင်ပါတယ်…..
Comment #1
arr pay twar par de