အထည်ကြီးပျက်
ဘိုးမွေဘွားမွေ ကျွန်းတိုင်လုံးများ
ချွတ်ချွတ်ကာ ရောင်းစားခဲ့ရ……….
မြေမြုပ်ထားတဲ့
ဝါစိမ်းနီပြာရောင်စုံအမွေများ
ကုန်သွားခဲ့ ကြာလှပေါ့…………..
မြင့်မြင့်မားမား အိမ်ခေါင်ဖျားတို့
ဖြိုဖျက်လို့ရောင်းခဲ့ရ………….
လက်ကျန်တဲတဲ
လယ်တွေခြံတွေအငှားချ…………
အသက်သွေးဆိုတဲ့ အဓိကသွေးကြောကြီးတောင်မှ
အပေါင်ဆုံးတော့မယ့်ဆဲဆဲ
ထစ်ထစ်ငေါ့ငေါ့ ကွေ့ကာဝိုက်ခါ……….
ဘယ်မှာလဲ….တချိန်ကရွှေထီး
မြေကြီးကသီးလာတဲ့ ပဒေသာပင်သီးတွေ
သမိုင်းမှာသင်ခဲ့ရ……
ဘယ်မှာလဲ….ရာဇ၀င်ထဲကငမောက်ကြီးတွေ
ငမောက်တို့ခြံကွက်တော့
အ၀ီစိတိုင်အောင် ကျင်းတွေနက်လို့…………
(ကာတွန်းဆရာကပြောတယ်)
ပထ၀ီတွေလည်းသမိုင်းဖြစ်ခဲ့
တို့ခြံမြေထုထည်ကျုံ့ပြီ………………
အထည်ကြီးပျက်မို့
လက်ကြောလည်းမတင်းချင်
ရဇ၀င်ထဲကရွှေရောင်တွေ
လူထူထူမှာအော်ကာကြွားချင်ရင်း
လက်တွေ့ကင်းတဲ့စာတမ်းများ
ငါတို့အားပိစေခဲ့………..
အထည်ကြီးပျက်မို့
ကိုယ်သာငတ်တယ် လက်ကလည်းဖွာချင်သေး
ဟိုဘက်အိမ်ကူညီပေးမယ်တဲ့လေ………..
အထည်ကြီးပျက်မို့
မခန့်ညားကြပုံများ
အရှေ့ကဖိလို့ အနောက်ကအိဝင်
ကိုယ့်သားသမီးကိုယ် မစီရင်နိုင်တဲ့ဘ၀………..
ခေတ်အဆက်ဆက်ညံ့ခဲ့ကြပုံတွေ
ခေါင်မလုံလို့ ကြမ်းဆွေးတာသိပ်မဆန်း…………..
အဓိကပို့ကုန်ဆိုအပ်တဲ့
ကျုပ်တို့ခြံထွက်သိမ်းငှက်တွေ
နိုင်ငံတကာလေပိုင်နက်မှာ
ခြေနင်းဖက်သာဖြစ်နေကြ………………..။
Comment #2
🙂

Comment #1
တကယ်…ကျွန်တော် အထည်ကြီးပျက်မှန်း အခုမှ သိတော့တယ်…(စိတ်ဓာတ်ကို)