လူ
အသက်ရှူရပ်တဲ့နေ့ရောက်ဖို့
အသက်ရှင်နေတဲ့
အမြစ်မဲ့ အောက်ဆီဂျင်စားသုံးသူတွေလေ..
နောင်တရိုးတံမှာ
မျက်ရည်ပန်းခဏခဏ ပွင့်တတ်တဲ့ အမျိုးပေါ့…
သူများ ခြင်္သေ့ ကိုယ့်အိတ်ကပ်ထဲရောက်ဖို့
နည်းမျိုးစုံနဲ့ မောင်းသွင်းရဲတယ်…
ကမ္ဘာငိုလို့ကျတဲ့ မျက်ရည်တောင်
ဟိုထီးပေါ်မှာကျမယ်..
ဒီထီးပေါ်မှာကျမယ် ဆိုပြီး …
တံဆိပ်မကပ်ဘူး..
ဒါတောင်မသိဘဲ
နာမည်၊ သိက္ခာ၊ ဂုဏ်ဒြပ်၊
ရပိုင်ခွင့်၊ အလုပ်အကိုင် ဆိုပြီး
စည်းတွေ မဟားတရားထား
ကြည့်နေရင်း
အချင်းချင်းစည်းတွေခြားကုန်ရော..
(မောင် အတီး)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ်စည်းတွေခြားကုန်ကြပါပြီ……(အားပေးသွားပါတယ်..)