အရင်အတိုင်းပါပဲ
အရင်အတိုင်းပါပဲ
ငါနင်ချစ်တယ်ဆိုတဲ့ ခပ်စွာစွာပုံစံပါပဲ
အရင်အတိုင်းပါပဲ
နင်ပြောသလို ငါ ကလေးဆန်တုန်းပဲ
အရင်အတိုင်းပါပဲ
နင်ခေါ်ခိုင်းတဲ့ နင့်အတွက်နာမ်စားကို ခေါ်ဖို့ ပါးစပ်မရဲသေးဘူး
အရင်အတိုင်းပါပဲ
နင်ပြောသမျှတွေကို ယုံကြည်ပေးနေဆဲပါပဲ
အရင်အတိုင်းပါပဲ
နင့်ကိုမျှော်လင့်နေဆဲပဲ
အရင်အတိုင်းပါပဲ
အရင်အတိုင်းပါပဲ
ငါ ….. နင့်ကို
အ…ရမ်း….ချစ်….နေ…တုန်း….ပဲ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းချစ်ပါတယ်