လောကဓံ ရဲ့.. မျက်နှာ ခုနှစ်ပါး…
ရှုလိုက် ရှိက်လိုက်..
သွင်းလိုက် ထုတ်လိုက်…
လမ်လျှောက်တတ် ခဲ့တာ.. ကြာခဲ့ပေမယ့်…
ခုထိ လမ်းဖြတ် မကူးရဲ သေးတဲ့ ငါ…
လူတွေ ကတော့
မြို့ပြရဲ့ ဘစ်ကား ကျပ်ကျပ်ကို
တိုး စီးနေရတုန်း…
၂၁ ရာစုရဲ့.. လူအစီ ဆုံးနေရာ ဟာ..
ဆေးရုံ နဲ့ သချိုင်းကုန်း ဆိုရင် ခင်ဗျား တို့ ငြင်းမလား…
ညနေ… အလုပ်သိမ်းလို့ အိမ်အပြန်..
ကို့ ဘ၀ က..
ကို့စိတ်နဲ့ အတူပါလာရဲ့လား ဆိုတာကော..
ခင်ဗျားတို့ စဉ်းစားဘူးလား…
လူတွေရဲ့ ကိုယ်ကျင့်တရားက..
သူတို့ လက်ထဲမှာ.. ပတ်ထားတဲ့
နာရီလောက် မှန်ရင် ဘဲ…
ကျေးဇူးတွေ တင် နေတတ် “ကောင်”…
ပြုတ်ကြသွားတဲ့.. လူတွေရဲ့
ကျောရိုးအဆစ်တွေကို..
တစ်ခုချင်းစီ လိုက်ကောက်..ပေးချင်နေတဲ့ “ကောင်”….
သခင်သန်းထွန်း နဲ့.. မော်စီတုန်း လိုလူမျိုးတွေကို..
ကြိတ်ပြီး ကြည်ညိုဖူးခဲ့တဲ့ “ကောင်”…
ကိုယ့်ဝမ်းနာ..ကိုယ်သာသိတဲ့..
ငါ့ ၀မ်းအနာ ကို ငါ ကြိတ်ဆေးထည့်…
သူများ အနာတွေကို ဆေးလိုက်ကုပေး တတ်တဲ့ “ကောင်”…
ဦးနှောက်ဖောက်..အစားခံချင်လွန်းလို့…
ငါ့ဦးနှောက်ကို ငါကိုယ်တိုင် ခေါင်းပေါ်ရွက်..
တစ်လမ်းဝင် တစ်လမ်းထွက်..
လိုက်အော် ရောင်းနေတဲ့ “ကောင်”….
ရင်ထဲက မပါပေမယ့်..
ဟန်ဆောင်ခြင်းတွေနဲ့
လူတွေရဲ့ ပါစပ်ထဲက.. ပြုတ်ကြလာတဲ့..
ပေါ့ပျက်ပျက် စကားလုံးတွေနဲ့ဘဲ
ကျေနပ်နေတတ်တဲ့ “ကောင်”…
အဲ့လို ကောင် ကိုမှ.. “ငတုံး” လို့ခေါ်ရင်…
ဟုတ်တယ်…
ငါ့ နာမည်….
“ငတုံး” လို့ခေါ်တယ်….
Comment #1
ဝါးးး…အားပေးသွားပါတယ်…..(မိုက်တယ်) ဒါပေမဲ့ ဘာလို့ သခင်သန်းထွန်းနဲ့ မော်စီတုန်းကို ကြည်ညို တယ်လို့ (နမိတ်ပုံထည့်ထားတာလဲ..မသိ)