ငါ့ဘ၀ကို ငါကိုယ်တိုင် ယှက်ဖို့..
ယှက်ကန်းစင် ဆောက်စရာမလိုဘူး..
ဆေးပေါ့လိပ်တစ်လိပ်.. လက်ကြားညှက်…
ပျံလွင့်နေတဲ့..အခိုးငွေ့တွေထဲ
ငါနေပျော်တတ်ခဲ့ပြီ…
လက်မောင်းနဲ့..အလုပ်လုပ်ရတဲ့လူအတွက်
လက်ချောင်းတွေ ကို
အသုံးမကျဘူး ထင်ချင် ထင်မယ်…
ငါမတ်တပ်ရပ်ခဲ့တာ..ကြာပါပြီ..
ဒါပေမယ့်…
ဘာလို့ ငါ့ခြေဖ၀ါးအောက်မှာ..
ကမ္ဘာမြေကြီးမရှိတာလည်း…
အရာ ရာ ဟာ အငွေ့ပျံဖို့သက်သက်ဆို..
ငါ အပူပိုင်းဇုံ ဒေသကို…ခရီးဆန့်မယ်…
ပြီးရင်… ငါ့ဘ၀ကို ငါ…
အာတိတ်ဒေသမှာ..
အစိုင်အခဲလေး.. တစ်ခုဖြစ် သိမ်းမယ်…
ငါ စိတ်နဲ့ ငါဘဲ…
ဒါပေမယ့်….
ငါမတ်တပ်ရပ်ခဲ့တာ..ကြာပါပြီ..
ဘာလို့ ငါ့ခြေဖ၀ါးအောက်မှာ..
ကမ္ဘာမြေကြီးမရှိတာလည်း…
လူတစ်ချို့ကတော့..
အားပေးပါရဲ့ ဘုရား သခင်က.. ကောင်းချီးပေးပါလိမ့်မယ်တဲ့..
ငါကလည်း…
ငါ့..ရုပ်ခန္စာ.. ကြွေမယ့် အချိန်နဲ့
ဘုရားသခင် ကောင်းချီးပေးမယ့်..အချိန်
မတိုက်ဆိုင်ပါစေနဲ့လို့ဘဲ..
ဆုတောင်နေတဲ့…..ကောင်….ပါ...
(မောင် အတီး)