ဘ၀တစ်ခုမှ ဖဲ့ထွက်ခြင်း
ဘ၀ဆိုတာကြီး..ဒါကြီးလား..မသိ
ဖြစ်ပြီးပျက်သွား……ပျက်ပြီးဖြစ်လာ
ဒါပေမဲ့….ချစ်ရသူ…
ငါအဲ့ဒိ ဘ၀ကြီးကို မုန်းတယ်။
ဖြစ်ပျက်ခြင်းတွေ ကွယ်ပျောက်စေချင်တယ်။
အရင်အချိန်လေးတွေမှာပဲ…အနည်ကျနေချင်တယ်။
အကြိမ်ကြိမ် နှဖူးပေါ်လက်တင်
အိမ်မက်တွေ ဂယောင်ခြောက်ခြားဖြစ်ပြီးပါပြီ။
ချစ်ရသောသူ…..
ရှေ့တိုးဖို့ အရပ်မျက်နှာဟာ အမုန်းတွေပဲဆိုတာ
နင့်သူရဲ ကောင်း တစ်ယောက်ထဲနဲ့ လုံလောက်နေပြီ။
ကျေနပ်စွာ ကျရှုံးခွင့်လေတော့ပေးပါ..ချစ်သူ…
ငါ့ကိုယ်ငါ အရူးတစ်ကောင်လို့ ခံစားသိပေမဲ.့
နင်ထိုးတဲ့ ဆေးက ခံနိုင်ရည်တွေ.ထက်ပြင်းတယ်…
ငါအရိပ်တကြည့်ကြည့်နဲ့…
ကိုယ့်အဆိပ်ကိုယ် ပြန်ဖော်ခွင့်ပေးပါ…
နင့်သူငယ်ချင်း……..နင့်ချစ်သူနဲ့ တော့
ငါကိုမတိုက်ခိုက်ပါနဲ့ လား
တော်ပါတော့ဟာ….ထားလိုက်ပါ…
ငါ့မိုးနည်းရပ်ဝန်းမှာ..မိုးတွေ သည်းပါစေ….
ငါ့ကျေနပ်တယ်….
.အဲ့ဒါငါရွေးချယ်ထားတဲ့..ဘ၀တစ်ခုမို့လို့..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service