ကို့စိတ်ကို ကို မဆုံးမနိုင် သေး သရွေ့တော့
မိတ်ဆွေ..
အနှစ် နှစ်ဆယ်ကျော်.အတွင်းမှာ..
ဒဏ်ရာထက်ချိုမြိန်တဲ့ အရသာ..
ခင်ဗျား ဘ၀မှာ ပိုင်ဆိုင်ဘူးပါရဲ့လား…
တစ်ချို့တွေက..
ကျောင်းသား ခေါင်းဆောင်
တစ်ချို့တွေက
နိုင်ငံရေးသမား..
တစ်ချို့တွေ က…
နိုင်ငံရေး လုပ်စားကြသတဲ့
ဘ၀တွေက..အထပ်ထပ်
သွေးညှိနံတွေ..တလှိုင်လှိုင်..
ယမ်းငွေ့တွေ…တမှုန်မှုန်နဲ့…
နိုင်ငံရေး ဇာတ်ခုံထဲ…
အပြန်အလှန် ကပြခဲ့ကြရတယ်….
တစ်ချို့ တစ်ချို့ တွေက..
စွန့်လွတ်မှုပေါင်း..
သရဖူဆောင်းလို့…
ပြည်…ချစ်ကြောင်း ပြကြတယ်…
တစ်ချို့ တစ်ချို့တွေက..
ဒို့(ငါ့) အရေး..ဒို့(ငါ့) အရေး..လို့အော်..
နောက်ဖွေးလမ်းကြားမှာ..
လက်သီးပုန်းပြကြ သတဲ့
လူမသေဖူးတဲ့ အိမ်က
မုန်ညင်း ဆီ ရှာရခက်သလို..
အစ်ကို တို့လက်ထဲက..
ကိုယ်ပိုင် လူ့အခွင့်ရေးဆိုတာလည်း..
အာတိတ် ၀င်ရိုးစွန်းထဲ..
လမ်းလျှောက်ထွက်ရသလိုဘဲ
ဒီခရီးကြမ်း..ကြီးထဲ…
လမ်း တစ်ဝက်တင်…
သူ့မှာတမ်း..လုပ်သွားတဲ့သူတွေ
လမ်း တစ်ဝက်တင်…
သံခြေခြင်း အခတ်ခံရသူတွေ
ဟာလည်း ဒုနဲ့ ဒေး ပေါ့…
အပြစ်တွေကို…
လုံအောင် ခြုံဖို့…
မိုးပေါ်ထောင်မပြစ်ဘူးနော်
လို့လည်း အပြောခံခဲ့ရတယ်..
ဒါတွေဟာ…
တစ်ကယ်ဖြစ်ခဲ့တာပါလို့
အစ်ကို ပြန်ပြောရင်
ညီငယ်ဆွေးမှာ…ပူမိပါသေးတယ်…
သမိုင်း ထဲက ဒဏ္ဍာရီ
တစ်ခုလို မေ့ပျောက်လိုက်ချင်ပေမယ့်
ကို့စိတ်ကို ကို မဆုံးမနိုင် သေး သရွေ့တော့..
ကို့စိတ်ကို ကို မဆုံးမနိုင် သေး သရွေ့တော့..
ကို့စိတ်ကို ကို မဆုံးမနိုင် သေး သရွေ့တော့..
(မောင် အတီး)
Comment #1
🙂