ပယောဂမဲ့လောကဓံ
တဒင်္ဂအတွင်း………
ပန်းတွေ ဆတ်,ကနဲပွင့်
ပြီးတော့………..
ဖျတ်,ကနဲကြွေ
အောင်နိုင်ခဲ့သူမှာလည်းတစ်ကိုယ်လုံးဒဏ်ရာ
ရှုံးနိမ့် ခဲ့သူမှာလည်းအပြုံးတွေဝေတာတွေ့ ဖူးတယ်
ကံ၊စိတ်၊ဥတု၊အဟာရ
အရာရာသူ့ အထာနဲ့ သူ…..
………………………………………………..။ ။ (မိုးထက်အောင်)
“တူ” ဖြစ်တုန်း ” နှံ”…..
“ပေ” ဖြစ်တော့ “ခံ” ။
တူ တစ်လှည့် ၊ ပေတစ်လှည့်
ခေါက်ရှာငှက်တွေ ခရီးဆက်…….
နေထွက်ချိန်မှသည်
နေကွယ်ချိန်ဆီ………။ (မိုးဇက်)
ထွေရာလေးပါးကြားမှာ ဘ၀ ဟာ
ခဏ
ခဏ
“သေ” တယ်။ (အသဲကွဲ မိုး)
Comment #2
ထွေရာလေးပါးကြားမှာ ဘ၀ ဟာ
ခဏ
ခဏ
“သေ” တယ်
(အသဲကွဲ မိုး)
– ဒီလိုပဲ ကိုယ့်ကိုထားခဲ့ကြတော့ အတင်းကို ၀င် လုံးပစ်ရတဲ့အခါတွေလည်း ရှိပ ….တစ်ယောက် + တစ်ကောင် .. မကောင်းကြဘူးအေ
Comment #3
အရမ်းကောင်းပါတယ် အစ်ကိုတော်မိုးဇက်ရေ….
ကျွန်တော်တို့ မတွေ့ တာတောင်ကြာပေါ့
အသဲကွဲမိုးကိုလည်းထားခဲ့တာမဟုတ်ပါဘူးဗျာ…
ကဗျာလေးတွေအတွက် အကုန်ကျေးဇူးတင်ပါတယ်ဗျာ.စိတ်မဆိုးပါနဲ့ 
🙂
Comment #4
အားလုံး အရမ်းကောင်းကြပါတယ်။
အားပေးနေပါတယ်နော်
Comment #6
ပိုမိုက်သွားတယ်…… 🙂
Comment #7
အဲ့ဒီခေါင်းစဉ် မြင်ဖူးသလိုပဲ 😀
Comment #1
🙂