ချစ်ခြင်းလွှာအထပ်ထပ်ဆီက မာယာမဲ့မျက်ဝန်း ကိုလွမ်းဆွတ်တဲ့ က ဗျာ
(၁)
သီချင်းတစ်ပုဒ် ကို နှင်းတစ်ဆုပ်နဲ့ လဲပါ…။
သခင်…
အကျွန်သည် ရေခဲတောင်တန်းများဆီမှ လာခဲ့သူဖြစ်ပါသည်..။
ဤခရီးမနီးပါ….။
အေးကျင် ကိုက်ခဲ….
နှင်းဖတ်များကို ခလုတ်တိုက် လဲခဲ့ပါသည်……
ချမ်းမြ….. တုန်ရီ…
သက်ပြင်းများကို စီရီ သီကုံးခဲ့ရပါသည်….
ပိတ်ကာ……ဆီးတား…..
ရေခဲရောင် လက်တက်များ ကို ကျော်ဖြတ်ခဲ့ရပါသည်…
မောဟိုက်…..လေးလံ…
ရင်ခုန်သံတို့ညွှန်ရာကို ခံယူ…လျောက်လှမ်း….
ယခုအခါ…သခင်၏ မျက်ဝန်းရိပ်ကို နမ်းမိပါပြီ…။
သခင်….
အကျွန်သည် သွေးအေးသတ္တ၀ါ ဖြစ်ပါသည်…
ထို့ကြောင့် နွေးထွေးအကြင်နာ ကို လိုပါသည်….။
သခင်….
မြေမှ ထသော မြက်တစ်ပင်၏
ရင်နှင့် တင်ဆက်သော အဆို….
ပြိုအက်အက် ညနက်မှ ခေတ္တ ပြေးထွက်လာခဲ့သူ…
အကျွန့်ကို ခေတ္တ မြင်ပေးပါ…..
မြင်တယ် လို့ မခံယူပဲ မြင်ပေးပါ..။
အကျွန်…
နှင်းတစ်ဆုပ်နှင့်
အလင်း ရုတ်သိမ်းနိင်သူထံရောက်ခဲ့ပါပြီ…
သခင်…
အကျွန့်ကို သီချင်းတစ်ပုဒ် ပေးပါ……
ပေးတယ်လို့ မခံယူပဲ မျှဝေပါ..။
(၂)
ဂီ…..တ…..သံ……စဉ်…..
သခင့်ထံတွင် ချိုပင် ချိုမြ နိုင်ကြလေရဲ့…..
ယုံ နိုင် ဖွယ် ပင် မရှိ…
ပန်းနုရောင် နှုတ်ခမ်းနှင့် ထိယှက်လာသော သံစဉ်…
ရင်ကို ကြိုးအစင်းစင်း မှန်သလို……
အေးခဲ နှလုံးသားသွေးတွေ အလွှာလိုက် ပြိုဆင်း သွားကြပြီ…..
သခင်….
ဒါဟာ နွေးထွေးခြင်းလား…..
ဒါဟာ မေတ္တာ တရားလား……
ဒါဟာ….အချစ် ဆိုတဲ့ အရာလား…………။
သခင်…မဖြေ…..
တိုးတိုးလေး သာ ပြုံးတယ်…..
ရေခဲတောင်တွေပင် တုံးခနဲ လဲကျ…
သေဆုံးပျောက်ကွယ်သွားစေမဲ့ နှုန်း…..နဲ့.ပေါ့
……………………………………………..
တကယ် တော့….
ကံအကောင်းဆုံးသူမို့ ကျွန်တော် ရှုံးခဲ့တာပါ သခင်..။
နိုးဆက် နေ့
(သိပ်ကို တန်ဖိုး ထားလို့ ဒီကဗျာရေးတယ် ဆိုတာတော့ ယုံပါ…..)
Comment #6
နူးညံ့ချိုအီဆွတ်ပြန့်လွမ်းမောသွားပါသည်

Comment #7
အားပေးသွားပါတယ် Bro
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ…။

Comment #8
အားပေးသွားပါသည်။

Comment #9
အားပေးမှုကို ကျေးဇူးတင်ပါ၏ 😛

Comment #10
တိုးတိုးလေး သာ ပြုံးတယ်…..
အဲလိုသုံးသွားတာလေးကြိုက်တယ်ဗျ….

Comment #11
CUTIE 😛

Comment #1
ကြိုက် လိုက် တာ ဟယ်။ ငါ….ဒါပဲ တတ်နိုင်တယ်.။
ငါ့ဆီ ကို ယူလာခဲ့ပေး… ကြားလား ကိုကြီး 😀