!♥!♥!♥!အချစ်ဆုံးရဲ့ သီအိုရီ !♥!♥!♥!
♣♣ အမုန်းတွေနဲ့  ဝေးရင်
♣♣ အသူရာ ချောက်ထဲလည်း
♣♣ ခုန်ချရဲတယ်♥♥♥
♣♣ အလွမ်းတွေနဲ့ ဝေးရမယ်ဆိုလဲ
♣♣ သမုဒ္ဒရာထဲလည်း ရွက်လွှင့်ရဲတယ်♥♥♥
♣♣ ချစ်သူ.. နဲ့ ဆုံရမယ်ဆို
♣♣ မရဏမင်းနဲ့ လည်း စစ်ခင်းမယ်…
♣♣ ရန်သူတသိန်းလည်းချေမှုန်းမယ်…
♣♣ စကြာင်္ဝဋ္ဌာရဲ့ အပြင်ဘက်ရောက်စေအုန်းတော့
♣♣ ချစ်သူနဲ့ သာဆို မြူမှုံ့ သာသာ မြေကမ္ဘာ
♣♣ တနေရာစာလောက်မှာတောင် ငါနေရဲပါတယ်
♣♣ ချစ်သူ…. ဒါပေမယ့် မင်းလိုက်ရဲရင်ပေါ့♥♥♥
♣♣ အမုန်းတွေကို ရှင်း အလွမ်းတွေကိုပေါင်းသင်ပြီ
♣♣ အချစ်တွေကိုပျိုးထောင်ကြရင်တော့
♣♣ ကြင်နာခြင်းအသီးအပွင့်တွေက
♣♣ ဒို့ …နှစ်ယောက်ရဲ့  ရိက္ခာတွေပေါ့……
♣♣ ချစ်သူ….♥♥♥
♣♣ ဆံနွယ်ကဖြူ သွားကကျိုး
♣♣ ခါးတွေကကိုင်း နားကထိုင်တောင်
♣♣ မအိုမင်းတဲ့ ချစ်ခြင်းနဲ့ ပျိုမြစ်စွာ ချစ်ကြရမှာ
♣♣ ဒို့ …နှစ်ယောက်ပါ…..
♣♣ ချစ်သူ…..♥♥♥
♣♣ ချစ်ခဲ့ခြင်းမှာ အရောင်အဆင်းမဲ့တော့
♣♣ မင်းကိုချစ်တဲ့ ချစ်ခြင်းမှာ…
♣♣ ငါ….ဘယ်လိုအရောင်ခြယ်မလဲ….
♣♣ ချစ်သူ…..♥♥♥
♣♣ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု
♣♣ ရှိခဲ့တာ…နယူတန်ရဲ့ နိယာမ လား…….
♣♣ ဒါပေမယ့် ….ချစ်သူ…♥♥♥
♣♣ လောကလူသား အရာရာတိုင်းဟာ
♣♣ အမှားကင်းသူ မရှိခဲ့တာ ငါသိနှင့်ပြီးသား
♣♣ အိုင်းစတိုင်းလည်း …မှားဖူးတယ်…
♣♣ နယူတန်လည်း…မှားဖူးတယ်…
♣♣ ကိုလံဘတ်လည်း…မှားဖူးတယ်…
♣♣ အယ်ဒီဆင်လည်း…မှားဖူးတယ်…
♣♣ ပိုဒ်သာဂိုလ်ရက်လည်း…မှားဖူးတယ်…
♣♣ မင်းလည်းမှားခဲ့တာပါပဲ…
♣♣ အမှားမကင်းတဲ့ လူသားတွေထဲမှာ
♣♣ ငါလည်းမှားခဲ့ဖူးမှာပေါ့…
♣♣ ချစ်သူ…♥♥♥
♣♣ အမှားတွေကို သင်ပုန်းချေလို့ 
♣♣ အစွန်းထင်းမဲ့ သီအိုရီတွေနဲ့ 
♣♣ ငြိမ်းချမ်းအေးမြတဲ့ ကြင်နာခြင်းတွေကို
♣♣ ထွေးပိုက်လို့ ..သီးခြားကမ္ဘာငယ်လေးဆီသို့ 
♣♣ ဒို့ နှစ်ယောက်!!!!!
♣♣ လျှောက်လှမ်းကြပါစို့ လား…
♣♣ ချစ်သူ…♥♥♥
2011/5/11-2:42:58
@by Neon Poemchitthu
Comment #2
♣ ချစ်ခဲ့ခြင်းမှာ အရောင်အဆင်းမဲ့တော့
Comment #5
Spade နဲ့ Diamond ကျန်နေသေးတယ်။
😛
စတာပါ အားပေးသွားတယ်
Comment #7
မိုက်တယ်
Comment #8
<3
Comment #1
i wish he could feel ur excellent poem.
🙂