အပေတေတစ်ယောက်ရဲ့ အိမ်ကလေး
/
အကောင်းဆုံး ကစားပြခဲ့တာပေါ့… ချီးမွမ်းမခံရလည်း
ပိုင်ပိုင်နိုင်နိုင်သွင်းခဲ့တဲ့ဂိုးတွေ…. အများသား
သူများခြေထောက်နဲ့ ငါ့ဘောလုံးဖြစ်နေတာပဲ အခက်
ထားလိုက်တော့.ကိုယ်လူ…
သစ်ရွက်ခြောက်လည်း မလိုတော့ဘူး..အခု
ငါ မအောင်မြင်တဲ့ တေးသွားနဲ့ ကတဲ့ အနုပညာသမား
ဒူးထောက်ထားတောင် မလုံလောက်သေးဘူးလား၊
ငါတကယ်မသိတော့ဘူး။
ဖောက်ထွက်ထားတဲ့ဘောင်ရဲ့ အမှောင်
တကယ့်ကိုတစ်ယောက်တည်း….
အေးစက်တောင့်ခဲ ဥပေက္ခာများနဲ့
ငါနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်ခဲ့ပြီ။
ငါအိပ်ပျော်နေ…….
ငါအိပ်ပျော်
ငါအိပ်
ငါ
။
Comment #2
like this poem
By: အသဲကွဲ မိုး at Mar 14, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခံစားအားပေးခဲ့ပါတယ် …..