မရှိခဲ့လျှင်
လမ်းခွဲနှုတ်ဆက် ကြွေမျက်ရည်တွေ
ခံစားပေးသော နှလုံးသား
ငါ၌မရှိခဲ့လျှင်…
ဆွဲငင်နှောင်ရစ် အလွမ်းပွင့်များ
သူ့မျက်ဝန်းထံ လွင့်ကြွေတတ်သော
နှလုံးသား ငါ၌မရှိခဲ့လျှင်….
ပူဆွေးသောက အလွမ်းမီးများ
ဟုန်းဟုန်းတောက်လို့ လွမ်းတတ်သော
နှလုံးသား ငါ၌မရှိခဲ့လျှင်…
ညိုမျက်ဝန်းနှင့် ကြင်နာအကြည့်
မျှော်လင့်ချက် နှောင်ကြိုး
သူမပေးခဲ့လျှင် ရင်မှာပို၍ကျေနပ်မည်
ထားခဲ့ရက်သော
သူနှလုံးသားထက်စာရင်…
Second Two
7.July.2009
Comment #2
တကယ့်ကို တိုက်ဆိုင်တဲ့ကဗျာလေးပါဘဲ….ညိုမျက်ဝန်းနှင့် ကြင်နာအကြည့်
မျှော်လင့်ချက် နှောင်ကြိုး
သူမပေးခဲ့လျှင် ရင်မှာပို၍ကျေနပ်မည်
ထားခဲ့ရက်သော
သူနှလုံးသားထက်စာရင်…တဲ့..

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
right,,,
100% agree with u