နာကျင်လျက်ပါ
အဲ့ဒီနေ့ရောက်ရင်
မငိုပါနဲ့ …… မငိုနဲ့လို့
ကိုယ့်ကိုယ်ကို ပြန်ချော့နေရတယ်။
အမှတ်တမဲ့ ကြားမိတဲ့
သီချင်းသံတွေတိုင်း
တမင်တကာ ရည်ရွယ်ပြီးတော့များ
နှစ်သက်ခဲ့လေသလား??
မေးကြည့်ချင်မိတယ် ။
တစ်ယောက်တည်း မေး
တစ်ယောက်တည်း ဖြေ
ဖြေသူမရှိတဲ့ မေးခွန်းတွေအတွက်
ငွေ့ရည်ဖွဲ့
ဒီမျက်ဝန်းမှာ မိုးမဆွေခဲ့ဘူးလေ….။
ရှိုက်ကြီးတငင်နဲ့
ငိုကြွေးခဲ့ရဖူးတဲ့ နေ့ရက်တွေကိုတော့
တမ်းတမ်းတတ
လွမ်းမိပါရဲ့
သေဖော်သေဖက် တစ်ယောက်လို ဖက်တွယ်
မျက်ရည်တွေကြားလဲ
အကြိမ်ကြိမ်ပြုံးပြခဲ့ဖူးတယ်…..။
မာန်ခက်ဝင့်
14. March . 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
phat shu khan sarr arr pay twar par de