“စိတ်ထဲမှာ ပဲ သိမ်းဆည်းထားတဲ့ အရာ…”၊ မင်းထက်ညိမ်း
“စိတ်ထဲမှာ ပဲ သိမ်းဆည်း ထား တဲ့ အရာ……”
မင်းထက်ညိမ်း
*ခဏခဏ
ထုတ်ကြည့်မိပြီး
ပြန် ပြန်
သိမ်းဆည်းထားလိုက်တဲ့ ညနေခင်းတချို့….
ပျော်အောင် အိပ်မရတဲ့ ညဉ့်နက်နက်များ…..
ဒီစိတ်ရောဂါ
ဘယ်မှာ
မြစ်ဖျားခံ လည်း မသိဘူး
တစ်ဝက်ပွင့် နေတဲ့ ပြူတင်းလေးဟာ
လေ တဟူးဟူးမှာ
အသံမြည် ပြီး …..
ဒီမှာ…
နားနဲ့ မဆံ့တော့လို့ပါ
ဒီမှာ….
မျက်ဝန်းအကြည့်နဲ့ မဆံ့တော့ လို့ပါ
ဒီမှာ ….
စိတ်ကူးနဲ့ မဆံ့တော့လို့ပါ
ဒီမှာ…
ရင်ဘတ်နဲ့ မဆံ့တော့ လို့ ပါ
ဒီမှာ….
ဘ၀နဲ့ မဆံ့တော့ လို့ပါ
စိတ်ထဲမှာပဲ သိမ်းဆည်း ထားတာ မဆံ့တော့ လို့ပါ။ ။
မင်းထက်ညိမ်း
Comment #2
million thz
Comment #3
အင်း ကြိုက်တယ်ဗျာ…….အလိမ်တွေ အဖြည် လေးတွေနဲ့ ချိတ်ထားတဲ့စားသားလေးတွေကို …..
Comment #1
🙂