သေချာမှုတစ်ခုရဲ့ မရေရာမှု
အဖြေတစ်ခုတော့ ထွက်နေပြီ…..သေချာ..
ရေရာဖို့ မှာ ရေဆူမှတ် ရောက်တဲ့ ကိစ္စ
စကားလုံးတွေ လည်ချောင်းထဲ ပွိင့်မိကုန်တယ်။
သူငယ်ချင်းဖြစ်ဖို့ မျှော်လင့်နေမိတာ..တစ်နှစ်တိတိ
ဘ၀တွေ ဆင်နဲ့ ဆိတ်လို ကွားဝေးလို့လေ။
နင်မသိပါဘူး….နင်အဲ့လိုမဟုက်ပါဘူး..။
ဒါပေမဲ့ဟာ
လမ်းတွေပေါ် ရှပ်တိုက်လျှောက်တတ်တဲ့ ငါ
တစ်လတစ်လ..အသက်ရှုဖို့ သချာင်္တွက်ရတဲ့ငါ
ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာမှာ ငြိမ်သက်နေမိ……..
တကယ်လို့များ…..
နင်စိတ်ပါသည်ဖြစ်စေ….မပါသည်ဖြစ်စေ…..
ငါအပျိုကြီးပဲလုပ်မှာလို့..ငါ့ကိုအနိုင်ပိုင်းခဲ့ရင်လေ.
အတွေးတွေနဲ့ ပဲ…
ငါ့မှာ အခါခါ သရဲဘောကြောင်ရ
အကြိမ်ကြိမ် လွဲချော်ခဲ့ရ…..
သေချာမှုတစ်ခုကတော့
နင်ငါ့ကို နားမလည်သေးတာ……။
သိပ်မရင်းနှီးလို့ ဆိုတာ…ငါ့အတွက်…
တစ်သက်တာ..ကျိန်စာတစ်ပုဒ်လား..?
ပြောပြပါလား……နင်တကယ်မနောက်ဘူးဆိုရင်ပေါ့..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
loak par bu
a pyo g.
bay din haw htar de.
🙂