ဒဏ်ရာ ၀ိုင်
လရိပ်တွေနဲ့ မဆိုင်သလိုပဲ မီးစုန်းတောက်ခဲ့
တစ်ခွက်ပြီး တစ်ခွက် နောက် ထပ်…
နက်မှောင်မာကျော ကတ္တရာလမ်းမကြီးပေါ်
အမှုန်အမွှားလေးတောင် မလွမ်းဘူးလို့ အော်ခဲ့တယ်
မြင်ကွင်းတွေ တုန်ခါနေတဲ့ညထဲ
အိမ်ပြန်ရခက်ခဲ မင်းဘယ်မလဲ ဥပေက္ခာ
သံယောဇဉ်ကို ကြိုးလိုဖြတ်
ပြုစားခြင်းအတတ်နဲ့ အချစ်ကိုမှ လိမ်ညာရက်သလားကွယ်
စကားသံတို့ရဲ့ခါးသီးလွန်းတဲ့အရှိန်မှာ
အကျိုးအကန်းလေးဟာ မေတ္တာဖြစ်ခဲ့ပေါ့
ဒီလိုနဲ့
အချိန်ကိုထူထူပတ် ဆေးစည်းထားတဲ့ရင်ဘတ်
တစ်ဖက်ဆာနေတဲ့အိပ်မက်
အရောင်ကန်းသွားတဲ့လိပ်ပြာ
အမာရွှတ်ရဲ့ ဇစ်မြစ်ဟာ မေ့ ပျောက် ခြင်း ထဲမှာ . . .
မေ့ပျောက်ခြင်းရဲ့အဖုံးကိုဖွင့်ပြီး
ဝိုင်အရက်လို ဆင်းသက်
ဒဏ်ရာတွေ သောက်ခဲ့တဲ့ရက်ကို
ယိုင်ထိုးနေမယ့် စာရွှက်ထဲရေးခဲ့တယ်
ဟုတ်တယ်
ယိုင်ထိုးပြီးရောက်လာတဲ့ ကဗျာပဲ
………….. လို့ ခေါင်းစဉ်တပ်လိုက်တယ်
Comment #2
အားပေးသွားပါသည်
By: အောင်မော်ဟိန်း at Mar 19, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
khan sarr arr pay twar par de