ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
အဲဒီခိုင်ရွှေဝါလမ်းလေးမှာ..
ပိတောက်တွေရော
မင်းကိုရော
ဝင့်ကြွားစွာ
ငါမြင်တွေ့ပါရစေ….
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
ငါချစ်တဲ့သနပ်ခါးတွေ
မင်းပါးပြင်မှာ အမြဲတမ်းရှိစေ…
မင်းအပြုံးဟာ
ဟိုတုန်းကလို တစ်လောကလုံးကို စိုးပိုင်ထားစေ…
မင်းမျက်နှာဟာ
ပြည့်ဝတဲ့လလို
ဝိုင်းစက်စေ….
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
မင်းဟာ
မင်းဖခင်ရဲ့လက်ရာအမြောက်ဆုံးပန်းပုရုပ်
မင်းကိုယ်တိုင်ရဲ့ မပြီးဆုံးသေးတဲ့ပန်းချီကား
ပြီးတော့
မင်းညီမတွေရဲ့အခမ်းနားဆုံးမြို့
ငါရဲ့
အသန့်ရှင်းဆုံးသက်ရှိကဗျာ….
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
၁၃၇၄ကို ပျော်ရွှင်စွာနှုတ်ဆက်နိုင်စေ
ပိတောက်တွေနဲ့အတူ
၁၃၇၅ဟာ
လာခြင်းကောင်းစေ
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….၊၊ ၊၊
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂
nice