တုံ့  ပြန် ရန် မလို ပါ
ဒဏ်ရာတွေက အတားအဆီးမရှိ ကိုယ့်အပေါ် တစိမ့်စိမ့် ယို စီး လာခဲ့တယ်
တုံ့ပြန်မှု အား နည်းခဲ့လို့  ခံတပ် က လည်း မလုံနိုင်ခဲ့သူ
ကိုယ့်မှာ
အဲဒီဒဏ်ရာတွေကြားက နှစ်သိမ့်ဆုတချို့ကို တကူးတက ဖွေရှာနေမိတယ်
မရေးနိုင်တော့ပါဘူး ..မျက်ရည်ထက်နက်တဲ့ ဒဏ်ရာတွေအကြောင်း
ဘယ်တစ်ဦးတစ်ယောက်က များ တယုတယ စာနာပေးမှာမို့ လည်း???
အထီးကျန်အတွေးတွေနဲ့ ကိုယ်ပိတ်လှောင်နေဆဲ
ခပ်ကြောင်ကြောင် အမျိုးသမီးတဦးရဲ့ နာတာရှည် အသဲကွဲဇာတ်လမ်းမှာ
ငြီးငွေ့  ရိုးအီမှုတွေ ပဲ ပဲ့တင်ထပ်နေခဲ့တာ မဆန်းပါဘူး
တချို့က ကဗျာ တဲ့
တချို့က စာတဲ့
တချို့က စကားပြေတဲ့
အဲဒီတချို့ ကို ကိုယ်ပြောချင်ပါတယ်
ကိုယ်က တော့ ဒဏ်ရာတွေပါလို့ 
ဌာန်ကရိုဏ်း ကျကျ မရိုင်းပြတတ်တဲ့ ဘ၀မှာ
ဘောင်မလွတ်စည်းမ၀င်
နည်း မကျတဲ့ သွေးပျက် ရင် ခုန်နှုန်းတွေ အတွက် နှုတ်ပိတ် စီရင်ခွင့် က လွဲ
ကိုယ့်မှာ အခြား ပြေးစရာ မြေလည်း မရှိဘူးကွယ်
ကော်ပီသမားတွေ ကို ကိုယ် မအံ့သြပါဘူး
လူတကာ မျက်စိကျလောက်အောင် ရေးနိုင်သူတွေအတွက်
ဘေးမှာ ဒီလိုအဖြစ်တွေ ဘယ်လောက်နှစ်ရှည်ပါစေ ရံနေဦးမှာပါလေ
ဒါပေမယ့်
ကိုယ့်ကိုတော့မကူးပါနဲ့ကွယ်
အကူးသမား အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မှာမို့ 
ဒဏ်ရာတွေနဲ့ လူတစ်ဦး
စာသားတွေနဲ့ ကုန်ကူးနေရတဲ့အကြောင်း
မောင်းမခတ်ပါနဲ့လို့ 
တချိန်က သူ က ခုထိပြောနေတုန်းပဲ
ကွာခြားမှုတွေအကြောင်း
မထူးဇာတ်ထဲက ကိုယ့်မှာလည်း မဟောင်းနိုင်စွာပဲ
နေသားကျ နားစွင့်နေမြဲ
တကယ်တော့
ကိုယ် ဆိုတာ ကုန်ကြမ်းသက်သက်မဟုတ်လားကွယ်
အလိုတော်ကျ သာ သုံးတော်မူပါ
ဇာတ်သိမ်းမှာတော့
ကျေးဇူးတင်လွှာ အခြားသူအများ အမည်နာမတွေနဲ့ မျဉ်းပိတ်လိုက်ပါဦး
ကိုယ် မနာ တတ်တော့ ပါဘူး
နောက်ဆုံးနေ့တွေမှာ အချိနဲ့  ဆုံး အားအင်တွေနဲ့ ပြုံးပြ ရင်း
စာမျက်နှာတွေထက်က တိတ်တဆိတ်ပြေးထွက်ခဲ့တယ်
ပတ်ပတ်လည် ၀န်းရံထားတဲ့ 6ပေ 3ပေ တစ်ကိုယ်စာ အိပ်ရာထက်မှာ
3ရက်လောက် စိတ်လိုလက်ရအိပ်စက်ပြီးနောက်
မီးခိုးတွေနဲ့ လူသားတစ်ဦးအရာရောက်ဖို့  ကိုယ် ခုကတည်းက မဖြစ်မနေကြိုးစားနေရတဲ့ အကြောင်း
ကိုယ့် ရင်ဘတ် တူ ခံစား သူများ သိနားလည်စေဖို့ 
ရည်ရွယ်ချက် မပြည့်တပြည့် နဲ့ ဒီစာကို မျဉ်း မတားပဲ ရေးသားခဲ့တယ်
လက်ဖမိုး က သွေးအပ်ဒဏ်ရာတွေကြားမှာ
အသက်ခန္ဒာ အိုးစားကွဲဖို့  ရဲရင့် ခဲ့ပြီ ……..
ဖြစ်နိုင်မယ်ဆိုရင် … သူရေးလေ့ ရေးထ ရှိမယ့် diary စာမျက်နှာ ထက်မှာ ကိုယ့်အကြောင်း သုံးလေးကြောင်းလောက် ရှိနေခွင့်ရချင်ခဲ့တယ်
Comment #2
ဖြစ်နိုင်မယ်ဆိုရင် … သူရေးလေ့ ရေးထ ရှိမယ့် diary စာမျက်နှာ ထက်မှာ ကိုယ့်အကြောင်း သုံးလေးကြောင်းလောက် ရှိနေခွင့်ရချင်ခဲ့တယ်
…………………….
အားပေးနှစ်သက် ခံစားလျှက်ပါ မိုးရေ…..
Comment #3
ဟာ့ထိတယ် မမိုး
အားပေးနေတယ်နော်
Comment #4
မမိုးးးးးးးးးးးးးးးး
ဘာမှမပြောတော့ပါဘူး.။အရင်ကအတိုင်းပဲ အရမ်းကောင်းပါတယ်။နောက်..
ခံစားအားပေးသွားပါတယ်။
Comment #5
အားပေးခံစားသွားပါတယ်ဗျာ…..
Comment #6
အစ်မတော်မိုး ကဗျာလေး ဖတ်သွားကြောင်းပါဗျာ
အစ်မရဲ့ဒီကဗျာက အရင်ကကဗျာတွေထက် စာသားတွေပိုလေးနက်နေသလိုခံစားရတယ်ဗျာ
By the way, အစ်မ ကျွန်တော့ကို စိမ်းကားနေတယ်နော် ကျွန်တော် facebook မှာ အစ်မကို Friend request ပို့ထားတာ replyပြန်မလာတာ ကြာပြီနော် အစ်မတော် စိမ်းကားလှချည်လားဗျာ :'(
With respect,
RAY
Comment #7
တချို့က ကဗျာ တဲ့
တချို့က စာတဲ့
တချို့က စကားပြေတဲ့
အဲဒီတချို့ ကို ကိုယ်ပြောချင်ပါတယ်
ကိုယ်က တော့ ဒဏ်ရာတွေပါလို့ 
Comment #9
ကျွန်တော်လည်း Fbမှာ Request လုပ်ထားသေးတယ် မမိုး gtalk ကတော့ မသိလို့
Comment #1
ဖြစ်နိုင်မယ်ဆိုရင် … သူရေးလေ့ ရေးထ ရှိမယ့် diary စာမျက်နှာ ထက်မှာ ကိုယ့်အကြောင်း သုံးလေးကြောင်းလောက် ရှိနေခွင့်ရချင်ခဲ့တယ်