အရက်သမား
ဘယ်ခွေးမှလူမထင်ဘူး
အဲ့လောက်အသိတရားရှိတဲ့ ငါ့ကို
မင်းက လူလူချင်းအထင်အမြင်သေးတာလား
ဒီမှာ မင်းမချစ်မှအရက်သောက်တာမဟုတ်ဘူး
မင်းချစ်လည်းအရက်သောက်မှာ
ဆူပူသံနဲ့ ရပ်ကွက်ထဲကလူတွေလို အော်ကြော်လန်လုပ်နေတာမဟုတ်ဘူး
ရင်ခုန်သံနဲ့ နှလုံးသားထဲမှာ ကိုယ်တွင်းစစ်ဖြစ်နေတာ
မတားနဲ့  …အစ်ကိုလေး
ကျွန်တော့်အသဲကွဲလည်း အရက်နဲ့ ပဲ ပြဲ မယ်
ဒီလူရင်မှာ ဖြေစရာ ဒါပဲရှိတာပါ …
အရက်သမားတွေလည်းမသေပါနဲ့  …
ထုတ်လုပ်သူတွေလည်းမသေပါနဲ့  …
ရောင်းချသူလည်းမသေပါနဲ့  …
မူးမူးနဲ့ ပဲ မှန်ရာကို သစ္စာဆို မေတ္တာပို့ …
လူတကာကို သဒ္ဒါထား ကြည်ညိုတဲ့  အရက်သမားလူပျိုလေးပါ …။
Comment #2
တကယ်မဟုတ်ပါဘူး အစ်မရယ် ပျော်ချင်လို့ ဟာသအနေနဲ့ ရေးတာပါ
ကျွန်တော်အဲ့ဒါတွေမလုပ်ဘူးစိတ်ချ 🙂
Comment #4
Ei doe poems corner ka Thu tway ko le khaw like lay.
Tu tu drink kya Dar pop.
😛
Comment #5
tite ya mhar pop BE naw Chivas tot m tite naing woo Johny lan shout lal m tite naing woo
😛
thz par 🙂
Comment #6
He.he.
😛
Ta khu hma ma ti bu. Bar tway tone?
Bar tike tike ya par de. (Ti hma ma ti Dar)
Comment #1
ဘယ်လိုဖြစ်ရတာလဲ ငါ့မောင်ရယ်
ဒီကဗျာဖတ်ရတာ စိတ်မချမ်းသာလိုက်တာ