ပိတောက်သစ္စာ
ဒါဟာ
နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခံထားရတဲ့ ငါတို့ရဲ့ပိတောက်ဖြစ်တယ်
ဒါဟာ
အစာရေစာဖြတ်တောက်ခံရတဲ့ငါတို့ရဲ့ ပိတောက်ဖြစ်တယ်
ဒါဟာ
အမှောင်ချခံထားရတဲ့ ငါတို့ရဲ့ပိတောက်ဖြစ်တယ်
ဘယ်တုံးကများ
ရွှေဝါရောင် ပျောက်ခဲ့ဖူးပါသလဲ
သတ္တိရှိစွာ
နှစ်စဉ်နှစ်တိုင်း
ဆက်ကာဆက်ကာ ပွင့်နေမြဲ…
နောက်မရွံ့စွာ
ဆက်ကာဆက်ကာဝင့်ဝါဆဲ…
တစ်ပြည်လုံးပါပဲကွယ်၊၊ ၊၊
Comment #2
ပိတောက်ရနံ့တွေသင်းပါစေ
ဒီနှစ်သင်္ကြန်အမီပေါ့
By: မေပျို at Mar 31, 2013
Comment #3
Share twr par ei LIKE !
By: loafer at Mar 31, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Phat shu arr pay twar par de