Professional Authors

ဘ၀တပိုင်း

တိတ်ဆိတ်လွန်းတဲ့ ညသန်းခေါင်ယံ
လန့်နိုးရင်တောင် သူမမျက်နှာချပ်မှာ
ကြယ်ရောင် ပေါင်းစုံမြင်တွေ့ခဲ့ရတယ်
ဒုက္ခရဲ့ ကုတ်ခြစ်ရာတွေနဲ့
အသက်တွေကို တိုးချဲ့ခဲ့တယ်
ဆင်းရဲခြင်းတွေကို
ခေါင်းတိုအောင် ရွက်ရင်း
မျော်လင့်ခြင်းပေါင်းများစွာရဲ့ လမ်းပေါ်ကို
တယောက်တည်းတက်ခဲ့တယ်
နေရဲ့ အပူဒဏ်
မိုးရဲ့ စိုစွတ်ခြင်း
ဆောင်းရဲ့ အအေးဒဏ်
သူမနဲ့ မဆိုင်သလိုပါပဲ
ဘ၀ ကို စာလာအိပ်ထဲ ကို ထည့်
မသိခြင်းတချို့ကိုတော့
ကလောင်နဲ့ ထိုးဖောက်ချခဲ့တယ်
ငါမသိသေးတဲ့ အချိန်မှာပဲ
မျက်ရည်တွေကို အသက်နဲ့ 
ထုတ်ဖို့ အထိကြိုးစားနေတုန်း
ငါ ကျေနပ်ပါတယ်
ဘယ်အချိန်မှန်း မသိသေးတဲ့ 
အချိန်မှာပဲ ဘာမှ မသိပဲနဲ့ကို
ခေါ်လိုက်မိတယ် ” အမေ “
အပင်ကြီး တခုလုံးအရွက်တွေ
ကြွေသွားရင်တောင်မှ 
ရတဲ့ အကိုင်းအခက်လေးနဲ့
အရိပ်အကြို  အကြားလေး တွေ
ပေးနေခဲ့တယ်
ငါ့ရဲ့ ဘ၀တ၀က်ကိုတောင်
ဒုက္ခ တစက်မကျစေရဘူးတဲ့
မိုက်မဲခြင်းတွေကို လက်သည်းလိုဖွက်ပြီးတော့
ပြန်မလာချင်သေးလို့ပါ အမေ
တရက်နဲ့ တရက်တော့
တန်ဖိုးတွေကို အတိုးချနေအုံးမှာပါ…

AP

In: ကဗျာ Posted By: Date: Apr 2, 2013
Comment #1

မိုက်မဲခြင်းတွေကိုလက်သည်းလိုဖွက်သွားစရာမလိုတဲ့ ခြေလှမ်းတွေနှင့် အိမ်အပြန်လှပါစေ ap

commentinfo By: မေပျို at Apr 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment