ဒီကဗျာမှာ အချစ်နည်းနည်းပေါ့ချင်ပေါ့မယ်…၊ ဒါပေမယ့် ခင်ဗျားကို ချစ်သေးတယ်
အလေ့အကျမဟုတ်ပဲ
ကျွန်တော်ဘဝဟာ
သဘာဝဆန်ခဲ့တယ်…၊
အားပြိုင်မှုတွေကြားက
သနားစရာတစ်ခုလို့ပဲ သဘောထားဦး
ကျွန်တော့် ကောင်းကင်မှာ
မျက်ရည်မိုးတွေရွာသွားတာ
ခင်ဗျားကြီး မသိခဲ့ပါဘူးးးး။။
လှမ်းလိုက်တိုင်း ခြေအောက်ကို
လမ်းဆိုတာ မရောက်ဘူး..၊
ဒါက ပစ္စုပန် အတွက်
ခက်နက်နက်လေးတူးးတဲ့ အတ္တဆို
ကျွန်တော် ခင်ဗျားကို မေးခဲ့ဖူးတဲ့မေးခွန်းတွေမှာ
အဖြေရှာမရတာ ခင်ဗျားကြီးအသိပဲ။။
ခင်ဗျားကြီး ပျော်လို့
ကျွန်တော့် နှလုံးသား
ပြာကျမသွားဘူးပဲထား၊
ရက်စက်မှုတွေ အဆုးသတ်သွားတဲ့အခါ
ပင်လယ်ပြာတွေလည်း
သွေးစွန်းစေမှာ မဟုတ်ဘူးးးးးး၊
ကောင်းကင်ပြာလည်း
မည်းမှောင်မသွားနိုင်ဘူးးးး။
ငါဘဝတစ်ခုတည်း လောင်မြိုက်သွားနိုင်တာ…၊
အချစ်ဆူးးးးးးတဲ့ကံကြမ္မာမှာ
ကျွန်တော်ဟာ ဓါးစာခံ သားးးကောင်။။
အလှည်အပြောင်းတွေမလိုတော့ဘူးး
အပြောင်းအလည်း သိပ်မြန်တာက ခင်ဗျား
ဒီကစားပွဲမှာ ကျွန်တော် မနိုင်လည်း
မရှုံးနိမ့်ခင် အပြီးထွက်တယ်…၊
အရော်အစား များမယ့် ကံကြမ္မာကို
ကျွန်တော်ထက်ပြီး မခံစားနိုင်ခြင်းးးးးးးးးးးးးးးးး။။။။။။ ။။။။။
ဇော်သက်ဦး
Comment #2
ဟုတ်ကဲ့ အကိုရေ ကျေးဇူးပါဗျာ
Comment #3
*-*
*-*
*-*
Comment #1
အားပေးသွားပါတယ် Bro !
အလှည်အပြောင်းတွေမလိုတော့ဘူးး
အပြောင်းအလည်း သိပ်မြန်တာက ခင်ဗျား
ဒီကစားပွဲမှာ ကျွန်တော် မနိုင်လည်း
မရှုံးနိမ့်ခင် အပြီးထွက်တယ်…၊
အရော်အစား များမယ့် ကံကြမ္မာကို
ကျွန်တော်ထက်ပြီး မခံစားနိုင်ခြင်းးးးးးးးးးးးးးးးး