ဒဿနလူသား (ဝေဟင်)
ငါဟာ
ရာစုသစ်မှာ ဒဿနတွေထမ်းပိုးထားရင်း
ခါးချိနေသူပေါ့………။
ထီးတချောင်းနဲ့ဖိနပ်တရံရဲ့
ရလိုမှု အချိန်အခါလွဲမှားနေတော့
မိုးသည်းထဲက ဖိနပ်တရံနဲ့
ဆူးခရောင်းလမ်းက ထီးတစ်လက်က
အသုံးမ၀င်ဘူးပေါ့……….။
တိမ်ဖုန်းနေတဲ့ လ လို
အလင်းရောင်တွေအပိုင်းပိုင်းပြက်အောင်
ရိုက်ချိုးခံထားရ……..။
အချစ်ရဲ့ကောက်ကြောင်းမှာ
ကျကျန်ရစ်တဲ့ မျှော်လင့်ချက်တွေကအိပ်မက်တွေပါ ခိုးသွားတော့
ငါ့လက်က ထွက်ကျသွားတဲ့
ဒဿနတွေကို ငါကိုယ်တိုင် နားမလည်နိုင်တော့ဘူး………..။
ဝေဟင်
Comment #2
အလင်းရောင်တွေ အပိုင်းပိုင်းပြတ်တယ်
ဟုတ်တယ် အဲဒါ တိမ်ဖုံးနေတဲ့ လတစ်စင်းပဲ
post တင်နိုင်ပါစေရှင် များများပေါ့
By: မေပျို at Apr 3, 2013
Comment #4
ငါ့လက်က ထွက်ကျသွားတဲ့
ဒဿတွေကို ငါကိုယ်တိုင် နားမလည်နိုင်တော့ဘူး………..။
ဒဿန မဟုတ်လားဗျ … ကဗျာလေးကြိုက်တယ်
By: အသဲကွဲ မိုး at Jul 14, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အလုပ်နဲနဲများလို့ post အသစ်မတင်ပေမဲ့
poemcorner နဲ့ သူငယ်ချင်းအားလုံးကို သတိရလျက်ပါ။
ဝေဟင်