Professional Authors

သက်သာ… အေးစေ

သက်သာရာသက်သာကြောင်းတွေကို
ငြိမ်သက်ခုံမင်စွာ သုံးဆောင်ရင်း
စုန်လိုက်…. မဆန်လိုက်
ကိုယ်ဟာ ဗေဒါမဟုတ်တဲ့ ဒိုက်။

ကုပ်တွေပေါ်ခွစီးရင်း
မျက်ခုံးတွေပေါ်လမ်းလျှောက်ရင်း
ကြိုးဆွဲဇာတ်ရုပ်မှာ
ဘုရင်အဖြစ်ကို ကျေနပ်ခဲ့တာလေ။

မြွေပွေး ခါးပိုက်ထဲရောက်ကာမှ
လမ်းလွှဲအတိုင်း ပြေးဆင်းရင်း
ငုံ့တန်ငုံ့၊ ရှောင်တန်ရှောင်
အိမ်ထဲဝင်ရင် ခြေထောက်တွေနဲ့ ကိုယ် မိတ်ဖွဲ့ပါရစေ။

ခုတော့ သတိစွဲ
အရာရာကို ခေါင်းပေါ်ထိုးတင်ရင်း
ကိုယ်…. သက်သာ…. အေးစေ….။

 

ရွှေနဒီ

In: ကဗျာ Posted By: Date: Apr 3, 2013
Comment #1

:/

commentinfo By: ei lay at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment