နွေမြို့ပြ
မြို့ပြရဲ့လမ်းတွေမှာ အပူငွေ့တရှိန်းရှိန်းနဲ့ လောင်ခဲ့ပေါ့
ကိုယ့်ရဲ့လတ်ဆတ်မှုတွေကို တစ်စတစ်စ ဖဲ့ခြွေလို့
ဖ၀ါးအောက် ချချနင်း
ကလာပ်စည်းရည်တွေ ဆွဲဆွဲထုတ်
အငွေ့ပြန်စေခဲ့ပေါ့ ။
ဦးနှောက်တွေ ချောင်းချောင်းထ
အစာအိမ်ကို တူးဆွကြည့်လေ
အစာတွေ ရေတွေ သွေ့နေပြီ။
ပူပြင်းခဲ့ပေါ့ ။
စိုစွတ်မှုတွေ စိုစွတ်မှုတွေ မြို့ပြက ဝါးမျိုသွား
ဖုန်မှုန့်တွေမှာ ငိုထိုင်းမှုကင်း မွလို့ ။
ရှူရတဲ့လေထဲတောင် သူတို့ မွလို့ ။
မြို့ပြရဲ့လမ်းတွေထဲက အမှိုက်အစအနတွေ
တစ်ကိုယ်လုံး သယောင်းလို့ ။
နောင်တတွေ တသီတတန်းရဲ့ အသိစိတ်ချီတက်မှုတွေ
ပူပြင်းကွယ်ပျောက်ကုန် ။
တော်ပြီ ။ တော်သင့်ပြီ ။
မြို့ပြရဲ့လောင်ကျွမ်းမှုတွေ မကူးစက်စေနဲ့ ။
ဆိုသာဆို ပိုမိုတဲ့စကား ။
မြို့ပြဟာ သူ့ကိုယ်သူနဲ့တကွ
ကိုယ့်ကိုပါ ပြာ ။
ရွှေနဒီ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တော်တော်ပူတယ် ဒီကဗျာဖတ်လိုက်တာ
နွေရာသီနှင့်ကွက်တိ …